News ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု ဒေါ်အောင်ဆန်းစုကြည် ကို အဂတိအမှု ၄ မှုနဲ့စွဲချက်တင် ရန်ကုန်နဲ့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူတာ ၊အဆောက်အအုံဌားရမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ နဲ့အမှု ၄ မှု တရားစွဲဆိုထားတာပါ။ LuduNwayOoမေ 24, 2022
News အဂတိနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတဲ့အမှု တရားလိုမလာရောက်နိုင်လို့ မစစ်ဖြစ် တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။ LuduNwayOoမေ 16, 2022
News ဒေါ်လာငါးသိန်းလာဘ်ယူတယ်ဆိုပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့ထပ်တိုးတရားစွဲ ဒီအမှုဟာ အာဏာသိမ်းပြီးနောက် ခေါ်ယူစစ်ဆေးခံရတဲ့ ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို အကြောင်းပြကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတဲ့အမှုဖြစ်ပါတယ်။ LuduNwayOoမေ 3, 2022
News ဒေါ်အောင်ဆန်းစုကြည် ကို အဂတိအမှုနဲ့ ဒီနေ့အမိန့်မချဖြစ်၊ အပြီးသတ်အမိန့်ချဖို့ ဒီနေ့ကိုသတ်မှတ်ထားပေမယ့် နေ့လယ်ပိုင်းရောက်မှ ရုံးချိန်းကိုရက်ရွှေ့ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ စွဲဆိုထားတဲ့ ဒီအမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်ဆိုတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။ LuduNwayOoဧပြီ 26, 2022
News အဂတိမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာစစ်ကောင်စီတရားရုံး အမိန့်ချဖို့ရှိ မနက်ဖြန်မှာအမိန့်ချမယ့်အမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်ဆိုတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။ LuduNwayOoဧပြီ 25, 2022
News ဒေါက်တာဇော်မြင့်မောင် ကိုစွပ်စွဲထားတဲ့အဂတိအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်သက်သေထွက်ဆိုမယ် လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချထားပြီး မန္တလေး အိုးဘိုထောင်မှာ ချုပ်နှောင်ထားကာ ကျန်ရှိတဲ့အမှုတွေအတွက် ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။ LuduNwayOoဧပြီ 23, 2022
News NLD အစိုးရလက်ထက်ဝန်ကြီး ၂ ဦးကို အဂတိပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးသောင်းထွန်းနဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့ကို မန္တလေးမှာထောင်ချလိုက်တာပါ။ LuduNwayOoဧပြီ 23, 2022
News စစ်ကောင်စီအဂတိကော်မရှင်ရဲ့ သက်သေခံစာရွက်စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေတွေကန့်ကွက် ရှေ့နေတွေကို မီဒီယာ ဖြေဆိုခွင့် စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကန့်ကွက်ခံရတဲ့စာရွက်စာတမ်းတွေထဲမှာ ဘာအကြောင်းအရာတွေပါဝင်လဲဆိုတာကိုတော့အသေးစိတ်မသိရပါဘူး။ LuduNwayOoဧပြီ 20, 2022
News ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ငါးမှုကိုပယ်ဖျက်ပေးဖို့လျှောက်ထားချက် ပယ်ချခံရ ပယ်ချခံရတဲ့အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ လာဘ်ပေးခဲ့ရတယ်ဆိုတဲ့အမှု ၊ နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာကိစ္စ ၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ ကိစ္စတွေပါဝင်နေတာပါ။ LuduNwayOoမတ် 16, 2022
News ဒေါက်တာဇော်မြင့်မောင်ကို အဂတိ အမှု ၅ မှုနဲ့ စစ်ကောင်စီစွဲချက်တင်၊ အဂတိအမှုတွေနဲ့ ပဲ ထောင်ဒဏ် နှစ် ၇၀ ကျော်ချလို့ရအောင် စစ်ကောင်စီအကွက်ဆင်ထား အဂတိပုဒ်မ ၅၅ ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတာကြောင့် ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှုနဲ့ပဲ စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ကျော် ချလို့ရအောင်စစ်ကောင်စီက စီစဉ်နေတာပါ။ LuduNwayOoမတ် 8, 2022