Connect with us

Hi, what are you looking for?

News

ဒေါ်လာငါးသိန်းလာဘ်ယူတယ်ဆိုပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့ထပ်တိုးတရားစွဲ

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် ခေါ်ယူစစ်ဆေးခံရတဲ့ ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို အကြောင်းပြကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတဲ့အမှုဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံကနေ အမေရိကန် ဒေါ်လာ ငါးသိန်း လာဘ်ယူတယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထပ်တိုးတရားစွဲထားတဲ့ အဂတိအမှု ၂ မှုကို မနေ့က နေပြည်တော်အထူးတရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် ခေါ်ယူစစ်ဆေးခံရတဲ့ ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို အကြောင်းပြကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတဲ့အမှုဖြစ်ပါတယ်။

ဦးမောင်ဝိတ်ရဲ့ ထွက်ဆိုချက်ရုပ်သံဖိုင်ကို အာဏာသိမ်းပြီး တစ်လကျော်အကြာမှာ စစ်ကောင်စီက ဝါဒဖြန့်ထုတ်လွှင့်ခဲ့ဖူးပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းတွေအဆင်ပြေစေဖို့ အစိုးရအဖွဲ့ ထံ လှူဒါန်းတာတွေလုပ်ခဲ့သလို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်လည်းအလှူငွေပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စုစုပေါင်း ဒေါ်လာငါးသိန်းကိုအကြိမ်ရေခွဲကာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာသွားပေးခဲ့တယ်လို့လည်း ထွက်ဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အဂတိပုဒ်မတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ အမှုတွေ နဲ့ တရားစွဲဆိုထားပါတယ်။ အမှုအချို့အတွက် ထောင်ဒဏ် ၁၁ နှစ်ချထားပြီးဖြစ်ပါတယ်။

မနေ့က တရားရုံးမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် မြေနေရာကိစ္စနဲ့ပတ်သက်ပြီး အဂတိအမှုနဲ့စွဲဆိုထားတဲ့အမှု ကိုစစ်ဆေးဖို့စီစဉ်ရာမှာ တရားလိုပြသက်သေဖြစ်တဲ့ ဒေါက်တာသန့်သော်ကောင်းမလာတဲ့အတွက် မစစ်ဆေးဖြစ်ဘူးလို့သိရပါတယ်။

ဒေါက်တာသန့်သော်ကောင်းဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။