Connect with us

Hi, what are you looking for?

News

အဂတိနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတဲ့အမှု တရားလိုမလာရောက်နိုင်လို့ မစစ်ဖြစ်

တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

GETTY IMAGES

ရဟတ်ယာဉ်ဌားရမ်း၊ဝယ်ယူတာနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စွဲဆိုခံထားရတဲ့အမှုမှာ တရားလိုဖြစ်သူ တရားခွင်ကို ရောက်မလာတာကြောင့် ဒီနေ့ မစစ်ဆေးဖြစ်ဘူးလို့သိရပါတယ်။

တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

တရားလိုရောက်မလာနိုင်တာကြောင့်လာမယ့်ရုံးချိန်းကို မေလ ၂၃ ရက် ကိုချိန်းဆိုလိုက်ပါတယ်။ ဒီနေ့ တရားခွင့်ကိုတက်လာတဲ့ သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

NLD အစိုးရ လက်ထက်မှာ သဘာဝဘေးအန္တရာယ် အရေးပေါ်ပေါက်လာရင်အသုံးပြုဖို့ ရဟတ်ယာဉ် ဌာရမ်းတာ ၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီးထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မနဲ့ သမ္မတဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည် ၊လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်နှင့် (၁၄)မိုင်အကွာရှိ လျှို့ဝှက်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်၍အဓိကတာဝန်ယူကြရမည့်အမည်စာရင်းကို မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းက ယ​နေ့ထုတ်ပြန်သည်။

သတင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။

သတင်း

လက်ရှိဂင်းနစ်မှတ်တမ်းမှာ ​မွေး​နေ့ဆု​တောင်းဗီဒီယိုသုံး​သောင်း​ကျော်ဖြင့် အိန္ဒိယရှိဘာသာ​ရေး​ခေါင်း​​ဆောင်တဦးက စံချိန်တင်ထားခြင်းဖြစ်