Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည် ကို အဂတိအမှုနဲ့ ဒီနေ့အမိန့်မချဖြစ်၊ အပြီးသတ်အမိန့်ချဖို့ ဒီနေ့ကိုသတ်မှတ်ထားပေမယ့် နေ့လယ်ပိုင်းရောက်မှ ရုံးချိန်းကိုရက်ရွှေ့

ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ စွဲဆိုထားတဲ့ ဒီအမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်ဆိုတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

ဓာတ်ပုံ − AP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့စွဲဆိုထားတဲ့အမှုကို ဒီနေ့မှာ အပြီးသတ်အမိန့်မချဖြစ်ဘဲ မနက်ဖြန်ကို ရက်ရွှေ့လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အမှုကို ဒီနေ့မှာ အပြီးသတ်အမိန့်ချဖို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ သတ်မှတ်ခဲ့သလို မနေ့က ရုံးချိန်းမှာလည်း တရားသူကြီးက ထပ်လောင်းအတည်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီနေ့ရုံးချိန်းမှာတော့ အမိန့်မချဖြစ်ဘဲ အပြီးသတ်အမိန့်ချမယ့် ရက်ကိုမနက်ဖြန်ရွှေ့လိုက်ပါတယ်။

ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ စွဲဆိုထားတဲ့ ဒီအမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်ဆိုတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

ဒီလို ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြသလို နေပြည်တော်က တရားခွင်မှာ လည်း ဦးဖြိုးမင်းသိန်းက အဲဒီ ရုပ်သံဖိုင်ထဲက အတိုင်းထွက်ဆိုထားခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်ဟာလည်း သူရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေတွေပြင်ဆင်ပေးခဲ့ရတယ်လို့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုထားတာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်း တရားခွင်မှာ ထွက်ဆိုချိန်ကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

နိုင်ငံတကာ

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။