Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအဂတိကော်မရှင်ရဲ့ သက်သေခံစာရွက်စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေတွေကန့်ကွက်

ရှေ့နေတွေကို မီဒီယာ ဖြေဆိုခွင့် စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကန့်ကွက်ခံရတဲ့စာရွက်စာတမ်းတွေထဲမှာ ဘာအကြောင်းအရာတွေပါဝင်လဲဆိုတာကိုတော့အသေးစိတ်မသိရပါဘူး။

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့အပေါ် အဂတိပုဒ်မနဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို စွပ်စွဲထားတဲ့အမှုမှာ စစ်ကောင်စီရဲ့အဂတိကော်မရှင်က တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေ ကန့်ကွက်ခံလိုက်ရပါတယ်။

ဒီအမှုကို မနေ့ က ဧပြီလ ၁၉ ရက် နေပြည်တော်က အထူးတရားရုံးမှာစစ်ဆေးတာပါ။

စစ်ကောင်စီက တရားစွဲခိုင်းထားတဲ့ တရားလို ဖြစ်တဲ့ အဂတိကော်မရှင်က ဦးအောင်ခန့်ကို မနေ့က ရုံးချိန်းမှာစစ်ဆေးတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီလိုစစ်ဆေးရာမှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံ စာရွက်စာတမ်းတွေကို သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ရှေ့နေတွေက အမှုနဲ့မသက်ဆိုင်တဲ့အတွက် ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့နေတွေကို မီဒီယာ ဖြေဆိုခွင့် စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကန့်ကွက်ခံရတဲ့စာရွက်စာတမ်းတွေထဲမှာ ဘာအကြောင်းအရာတွေပါဝင်လဲဆိုတာကိုတော့အသေးစိတ်မသိရပါဘူး။

ကန့်ကွက်မှုအပေါ် လာမယ့်ဧပြီလ ၂၆ ရက်မှာ တရားရုံးဘက်က ဆုံးဖြတ်ချက်ချပေးမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။