Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအဂတိကော်မရှင်ရဲ့ သက်သေခံစာရွက်စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေတွေကန့်ကွက်

ရှေ့နေတွေကို မီဒီယာ ဖြေဆိုခွင့် စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကန့်ကွက်ခံရတဲ့စာရွက်စာတမ်းတွေထဲမှာ ဘာအကြောင်းအရာတွေပါဝင်လဲဆိုတာကိုတော့အသေးစိတ်မသိရပါဘူး။

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့အပေါ် အဂတိပုဒ်မနဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို စွပ်စွဲထားတဲ့အမှုမှာ စစ်ကောင်စီရဲ့အဂတိကော်မရှင်က တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေ ကန့်ကွက်ခံလိုက်ရပါတယ်။

ဒီအမှုကို မနေ့ က ဧပြီလ ၁၉ ရက် နေပြည်တော်က အထူးတရားရုံးမှာစစ်ဆေးတာပါ။

စစ်ကောင်စီက တရားစွဲခိုင်းထားတဲ့ တရားလို ဖြစ်တဲ့ အဂတိကော်မရှင်က ဦးအောင်ခန့်ကို မနေ့က ရုံးချိန်းမှာစစ်ဆေးတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီလိုစစ်ဆေးရာမှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံ စာရွက်စာတမ်းတွေကို သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ရှေ့နေတွေက အမှုနဲ့မသက်ဆိုင်တဲ့အတွက် ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့နေတွေကို မီဒီယာ ဖြေဆိုခွင့် စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကန့်ကွက်ခံရတဲ့စာရွက်စာတမ်းတွေထဲမှာ ဘာအကြောင်းအရာတွေပါဝင်လဲဆိုတာကိုတော့အသေးစိတ်မသိရပါဘူး။

ကန့်ကွက်မှုအပေါ် လာမယ့်ဧပြီလ ၂၆ ရက်မှာ တရားရုံးဘက်က ဆုံးဖြတ်ချက်ချပေးမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။