Connect with us

Hi, what are you looking for?

LuduNwayOo

News

NLD အစိုးရလက်ထက်ဝန်ကြီး ၂ ဦးကို အဂတိပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးသောင်းထွန်းနဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့ကို မန္တလေးမှာထောင်ချလိုက်တာပါ။

ထောင်ဒဏ် ၉ နှစ် ချခံရတဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးသောင်းထွန်း

နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာဆုံးရှုံးရတယ်ဆိုပြီး NLD အစိုးရ လက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီး ၂ ဦးကို စစ်ကောင်စီက အဂတိပုဒ်မတွေနဲ့ ဧပြီလ ၂၂ ရက်က ထောင်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးသောင်းထွန်းနဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့ကို မန္တလေးမှာထောင်ချလိုက်တာပါ။

ထောင်ဒဏ် နှစ် ၂၀ ချခံရတဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်း

ဝန်ကြီးဦးသောင်းထွန်းဟာ တင်ဒါမခေါ်ဘဲ အသိကုမ္ပဏီကို မြေဌားရမ်းရာမှာ လုပ်ထုံးလုပ်နည်းကို လိုက်နာမှုမရှိတာကြောင့် အမေရိကန်ဒေါ်လာ ၉ သန်းကျော် နစ်နာမှု ဖြစ်ခဲ့တယ်လို့စစ်ကောင်စီကစွပ်စွဲထားပါတယ်။

ဒါကြောင့် အဂတိပုဒ်မနဲ့ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းကိုလည်း ဘဏ္ဍာရေးစည်းမျည်း လိုက်နာမှုမရှိတာ ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေထံက ပိုက်ဆံတောင်းတယ်ဆိုကာ အဂတိပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ။

ဒုဝန်ကြီး ဦးကျော်လင်းနဲ့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ၃ ဦးကိုလည်းစစ်ကောင်စီက ထောင်ဒဏ်အသီးသီးချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။