Connect with us

Hi, what are you looking for?

News

NLD အစိုးရလက်ထက်ဝန်ကြီး ၂ ဦးကို အဂတိပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးသောင်းထွန်းနဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့ကို မန္တလေးမှာထောင်ချလိုက်တာပါ။

ထောင်ဒဏ် ၉ နှစ် ချခံရတဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးသောင်းထွန်း

နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာဆုံးရှုံးရတယ်ဆိုပြီး NLD အစိုးရ လက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီး ၂ ဦးကို စစ်ကောင်စီက အဂတိပုဒ်မတွေနဲ့ ဧပြီလ ၂၂ ရက်က ထောင်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးသောင်းထွန်းနဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့ကို မန္တလေးမှာထောင်ချလိုက်တာပါ။

ထောင်ဒဏ် နှစ် ၂၀ ချခံရတဲ့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်း

ဝန်ကြီးဦးသောင်းထွန်းဟာ တင်ဒါမခေါ်ဘဲ အသိကုမ္ပဏီကို မြေဌားရမ်းရာမှာ လုပ်ထုံးလုပ်နည်းကို လိုက်နာမှုမရှိတာကြောင့် အမေရိကန်ဒေါ်လာ ၉ သန်းကျော် နစ်နာမှု ဖြစ်ခဲ့တယ်လို့စစ်ကောင်စီကစွပ်စွဲထားပါတယ်။

ဒါကြောင့် အဂတိပုဒ်မနဲ့ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းကိုလည်း ဘဏ္ဍာရေးစည်းမျည်း လိုက်နာမှုမရှိတာ ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေထံက ပိုက်ဆံတောင်းတယ်ဆိုကာ အဂတိပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ။

ဒုဝန်ကြီး ဦးကျော်လင်းနဲ့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ၃ ဦးကိုလည်းစစ်ကောင်စီက ထောင်ဒဏ်အသီးသီးချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။