News စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ခြင်းမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံခြင်းဟု ICJ ဥက္ကဌပြော မြန်မာ-ဂမ်ဘီယာအမှု၏ ဒုတိယအကြိမ် ကြားနာမှုမစတင်မီ ICJ တရားသူကြီး ဥက္ကဌ Joan E. Donoghue က တရားခွင်၌ အကြိုရှင်းလင်းစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 21, 2022
News အစိုးရတရပ်မဟုတ်သည့် အကြမ်းဖက်စစ်ကောင်စီက ICJ ၌ နိုင်ငံကိုယ်စားပြုခွင့်မရှိဟု NUG ပြော ICJက ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)စတင်သည့် မြန်မာ-ဂမ်ဘီယာ ဒုတိယအကြိမ်ရုံးချိန်းတွင် အကြမ်းဖက်စစ်ကောင်စီ တက်ရောက်မည့်အခြေအနေအပေါ် NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခြင်းဖြစ် သည်။ LuduNwayOoဖေဖော်ဝါရီ 21, 2022
News ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နယ်သာလန်ကိုသွား မနေ့က ထွက်ခွာသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်တယ်လို့သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 19, 2022
News အစိုးရမဟုတ်သည့် အကြမ်းဖက်စစ်ကောင်စီ ICJ ၌ ကိုယ်စားပြုခွင့်မရသင့်ဟု SAC-M ပြော ICJ သည် ကုလသမဂ္ဂ၏ အစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂတွင် စစ်ကောင်စီက ကိုယ်စားပြုခွင့် ရရှိမထားဘဲ NUGမှ ခန့်အပ်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့်ရရှိနေ၍ ICJ ကိုယ်စားပြုခွင့်ကို NUG က ရသင့်ကြောင်း အထူးအကြံပေးကောင်စီက သုံးသပ်တိုက်တွန်းသည်။ LuduNwayOoဖေဖော်ဝါရီ 18, 2022
News ICJ မှာ တရားရင်ဆိုင်ဖို့ ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦး ကို စစ်ကောင်စီတာဝန်ပေး ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီက ခန့်အပ်လိုက်သူ ဦးကိုကိုလှိုင် ၊ ဒေါ်သီတာဦးတို့ဟာ အမေရိကန် အစိုးရ ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာပါဝင်နေကြသူတွေဖြစ်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 18, 2022
News ICJ အတွက် နိုင်ငံတကာဥပဒေပညာရှင်နှစ်ဦးပါဝင်သော ဥပဒေပညာရှင်အဖွဲ့ကို NUG ကြေညာ NUG သည် ICJ အမှုကို ချောမွေ့စွာဆက်လက်ဆောင်ရွက်နိုင်ရန် ပဏာမကန့်ကွက်မှုများကို ရုပ်သိမ်းကြောင်းဆုံးဖြတ်ချက်ကို ရုံးတော်အားအကြောင်းကြားထားသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2022
News ICJ ၌ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံပေးရန် NUGတောင်းဆို NUG ၏ အထက်ပါသဘောထားမှုကြောင့် တရားရုံးသည် လာမည့်ကြားနာစစ်ဆေးမှုကို ဖျက်သိမ်းပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသော စစ်တပ်အား တဖက်သတ်အသိအမှတ် ပြုရာရောက်မည်မဟုတ်ပေ။ LuduNwayOoဖေဖော်ဝါရီ 1, 2022
News ICJ တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကိုယ်စားပြုခွင့်ရှိကြောင်း NUG ပြော “အခုလာမယ့် ကြားနာမှုမှာ NUG အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်ကြောင်းနှင့် Alternate Agent အနေနဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့်ရှိတယ်ဆိုတဲ့အကြောင်း ICJ ဆီကို NUG အစိုးရအနေနဲ့ စာရေးသားပေးပို့ခဲ့ပြီးဖြစ်ပါတယ်”ဟု အထက်ပါ NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ LuduNwayOoဇန်နဝါရီ 21, 2022
News အကြမ်းဖက်စစ်ကောင်စီကျူးလွန်သည့် ဖြစ်စဥ် ၇၀၀ကျော်ကို ICC ၊ ICJ အပြင် နိုင်ငံသုံးခုတွင် တရားစွဲတင်နိုင်ရေး NUG လုပ်ဆောင်နေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အချက်အလက်စုဆောင်းနေသည်ဟု အထက်ပါ NUG ဝန်ကြီးက ပြောသည်။ LuduNwayOoဇန်နဝါရီ 20, 2022
News ICJ ၌ မြန်မာကို တရားစွဲဆိုထားသောအမှု ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ကြားနာမည် လာမည့် ICJ ရုံးချိန်းကို ၀ဏ္ဏမောင်လွင်က ကိုယ်တိုင်သွားရောက်တရားရင်ဆိုင်ရဲမည်မဟုတ်ဘဲ နေပြည်တော်မှသာ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဖွယ်ရှိနေကြောင်း နေပြည်တော် သတင်းရင်းမြစ်အချို့က ပြော သည်။ LuduNwayOoဇန်နဝါရီ 19, 2022