Connect with us

Hi, what are you looking for?

LuduNwayOo

News

ICJ တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကိုယ်စားပြုခွင့်ရှိကြောင်း NUG ပြော

“အခုလာမယ့် ကြားနာမှုမှာ NUG အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်ကြောင်းနှင့် Alternate Agent အနေနဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့်ရှိတယ်ဆိုတဲ့အကြောင်း ICJ ဆီကို NUG အစိုးရအနေနဲ့ စာရေးသားပေးပို့ခဲ့ပြီးဖြစ်ပါတယ်”ဟု အထက်ပါ NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ဓာတ်ပုံ - ICJ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ မကြာခင်ကြားနာမည့်အမှုတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းကသာ ကိုယ်စားပြုခွင့်ရှိကြောင်း NUG က ရုံးတော်ကို အကြောင်းကြားထားသည်။

NUG အစိုးရသည် ICJ နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု စာရေးသားပေးပို့ထားပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ် (Alternate Agent)အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့် ရှိသည်ဟု ICJ ထံ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောသည်။

“အခုလာမယ့် ကြားနာမှုမှာ NUG အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်ကြောင်းနှင့် Alternate Agent အနေနဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့်ရှိတယ်ဆိုတဲ့အကြောင်း ICJ ဆီကို NUG အစိုးရအနေနဲ့ စာရေးသားပေးပို့ခဲ့ပြီးဖြစ်ပါတယ်”ဟု အထက်ပါ NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်လများကတည်းက ICJ သို့ မြန်မာနိုင်ငံတင်သွင်းရမည့် အစီရင်ခံစာများကို NUG က ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှတဆင့် တင်သွင်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး ICJ တွင် ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်သည်ဆိုကာ ၂၀၁၉ နိုဝင်ဘာတွင် တရားစွဲဆိုခဲ့ပြီး ပထမဆုံး လူကိုယ်တိုင်ကြားနာပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ရှင်းလင်းခုခံခဲ့သည်။

ဒုတိယအကြိမ် လူကိုယ်တိုင်ကြားနာပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ကြားနာမည်ဟု ICJ က ထုတ်ပြန်ထားပြီး တရားမဝင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံကိုယ်စားပြု ရှင်းလင်းမည်လား၊ NUG အစိုးရက နိုင်ငံကိုယ်စားပြု ရှင်းလင်းမည်လားဆိုသည်ကိုမူ ICJ က ထုတ်ပြန်ထားခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက ICJ အမှုကို သွားရောက်ရှင်းလင်းမည်ဟု သတင်းဌာနအချို့ကို ထုတ်ပြောထားသော်လည်း မည်သူဦးဆောင်မည်ဆိုသည်ကို မပြောနိုင်သေးပေ။ စစ်ကောင်စီ၏ ICJ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှာ ၀ဏ္ဏမောင်လွင်ဖြစ်သော်လည်း ICJ ရုံးစိုက်ရာ The Hague သို့ ၎င်းကိုယ်တိုင် သွားရောက်ရဲမည်မဟုတ်ကြောင်း နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။