Connect with us

Hi, what are you looking for?

LuduNwayOo

News

ICJ မှာ တရားရင်ဆိုင်ဖို့ ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦး ကို စစ်ကောင်စီတာဝန်ပေး

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီက ခန့်အပ်လိုက်သူ ဦးကိုကိုလှိုင် ၊ ဒေါ်သီတာဦးတို့ဟာ အမေရိကန် အစိုးရ ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာပါဝင်နေကြသူတွေဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်ဖို့အတွက် စစ်ကောင်စီဟာ သူရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကိုတာဝန်ပေးလိုက်တယ်လို့သိရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်အရ သူတို့ နှစ်ဦးပါဝင်တဲ့ ရှစ်ဦးအဖွဲ့ကို ICJ ထံ စစ်ကောင်စီက တင်ပြထားတာပါ။

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီက ခန့်အပ်လိုက်သူ ဦးကိုကိုလှိုင် ၊ ဒေါ်သီတာဦးတို့ဟာ အမေရိကန် အစိုးရ ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာပါဝင်နေကြသူတွေဖြစ်ပါတယ်။

ဦးကိုကိုလှိုင်ဟာ စစ်အရာရှိဟောင်းဖြစ်သလို သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးလည်းဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၂ ခုနှစ်တုန်းက လျှပ်စစ်မီးမလာလို့ ဆန္ဒပြတဲ့ ပြည်သူတွေကို မီးမလာရင် ဖယောင်းတိုင်ထွန်းနေကြလို့ ပြောတဲ့အတွက် ဖယောင်းတိုင် ကိုကိုလှိုင်လို့ ဝေဖန်ခံရသူလည်းဖြစ်ပါတယ်။

ဒေါ်သီတာဦးကတော့ NLD အစိုးရလက်ထက် ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်စဉ်က အကြံပေးအဖွဲ့ထဲပါဝင်သူပါ။

အဲဒီအချိန်က ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးသာရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်လာတာပါ။

ဒီလ ၂၁ ရက်နေ့မှာတော့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကို ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုအတွက် ဒုတိယအကြိမ် ကြားနာမှာဖြစ်ပါတယ်။

ဒီကြားနာမှုကို တက်ရောက်ဖို့အတွက် NUG နဲ့ စစ်ကောင်စီဟာ အပြိုင်ဖြစ်နေတာပါ။ ICJ ဘက်ကတော့ ဘယ်သူကို ရွေးချယ်မယ်ဆိုတာအခုချိန်ထိ တရားဝင်မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NUG က ICJ မှာ တရားရင်ဆိုင်ဖို့ အတွက် နိုင်ငံတကာ ဥပဒေပညာရှင် နှစ်ဦးပါဝင်တဲ့ ဥပဒေအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။