Connect with us

Hi, what are you looking for?

News

ICJ မှာ တရားရင်ဆိုင်ဖို့ ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦး ကို စစ်ကောင်စီတာဝန်ပေး

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီက ခန့်အပ်လိုက်သူ ဦးကိုကိုလှိုင် ၊ ဒေါ်သီတာဦးတို့ဟာ အမေရိကန် အစိုးရ ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာပါဝင်နေကြသူတွေဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်ဖို့အတွက် စစ်ကောင်စီဟာ သူရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကိုတာဝန်ပေးလိုက်တယ်လို့သိရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်အရ သူတို့ နှစ်ဦးပါဝင်တဲ့ ရှစ်ဦးအဖွဲ့ကို ICJ ထံ စစ်ကောင်စီက တင်ပြထားတာပါ။

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီက ခန့်အပ်လိုက်သူ ဦးကိုကိုလှိုင် ၊ ဒေါ်သီတာဦးတို့ဟာ အမေရိကန် အစိုးရ ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာပါဝင်နေကြသူတွေဖြစ်ပါတယ်။

ဦးကိုကိုလှိုင်ဟာ စစ်အရာရှိဟောင်းဖြစ်သလို သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးလည်းဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၂ ခုနှစ်တုန်းက လျှပ်စစ်မီးမလာလို့ ဆန္ဒပြတဲ့ ပြည်သူတွေကို မီးမလာရင် ဖယောင်းတိုင်ထွန်းနေကြလို့ ပြောတဲ့အတွက် ဖယောင်းတိုင် ကိုကိုလှိုင်လို့ ဝေဖန်ခံရသူလည်းဖြစ်ပါတယ်။

ဒေါ်သီတာဦးကတော့ NLD အစိုးရလက်ထက် ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်စဉ်က အကြံပေးအဖွဲ့ထဲပါဝင်သူပါ။

အဲဒီအချိန်က ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးသာရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်လာတာပါ။

ဒီလ ၂၁ ရက်နေ့မှာတော့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကို ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုအတွက် ဒုတိယအကြိမ် ကြားနာမှာဖြစ်ပါတယ်။

ဒီကြားနာမှုကို တက်ရောက်ဖို့အတွက် NUG နဲ့ စစ်ကောင်စီဟာ အပြိုင်ဖြစ်နေတာပါ။ ICJ ဘက်ကတော့ ဘယ်သူကို ရွေးချယ်မယ်ဆိုတာအခုချိန်ထိ တရားဝင်မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NUG က ICJ မှာ တရားရင်ဆိုင်ဖို့ အတွက် နိုင်ငံတကာ ဥပဒေပညာရှင် နှစ်ဦးပါဝင်တဲ့ ဥပဒေအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။