Connect with us

Hi, what are you looking for?

LuduNwayOo

News

အစိုးရမဟုတ်သည့် အကြမ်းဖက်စစ်ကောင်စီ ICJ ၌ ကိုယ်စားပြုခွင့်မရသင့်ဟု SAC-M ပြော

ICJ သည် ကုလသမဂ္ဂ၏ အစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂတွင် စစ်ကောင်စီက ကိုယ်စားပြုခွင့် ရရှိမထားဘဲ NUGမှ ခန့်အပ်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့်ရရှိနေ၍ ICJ ကိုယ်စားပြုခွင့်ကို NUG က ရသင့်ကြောင်း အထူးအကြံပေးကောင်စီက သုံးသပ်တိုက်တွန်းသည်။

ဓာတ်ပုံ - ICJ

▪️လာမည့်ဖေဖော်ဝါရီ ၂၁ရက် ICJရုံးချိန်း ကိုယ်စားပြုခွင့် NUG နှင့် စစ်ကောင်စီ အပြိုင်လျှောက်ထား

အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံအတွက် ကိုယ်စားမပြုသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြော သည်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော SAC-M သည် ‘အပြည်ပြည်ဆိုင်ရာ တရားရုံးမှ မြန်မာနိုင်ငံ၏ အမှုအခင်း’ နှင့်ပတ်သက်၍ အနှစ်ချုပ်စာတမ်းတိုတစ်စောင်ကို ထုတ်ပြန်ထားရာ ယင်းစာတမ်း ၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကသာ ICJ ၌ ကိုယ်စား ပြုခွင့်ရသင့်ကြောင်း ရေးသားထားသည်။

ICJ သည် ကုလသမဂ္ဂ၏ အစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂတွင် စစ်ကောင်စီက ကိုယ်စားပြုခွင့် ရရှိမထားဘဲ NUGမှ ခန့်အပ်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့်ရရှိနေ၍ ICJ ကိုယ်စားပြုခွင့်ကို NUG က ရသင့်ကြောင်း အထူးအကြံပေးကောင်စီက သုံးသပ်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုခံရသင့်ကြောင်းလည်း SAC-M က ဆိုသည်။

လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာ-ဂမ်ဘီယာအမှုကို ICJ က ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး အဆိုပါရုံးချိန်းတွင် ကိုယ်စားပြုခွင့်နှင့်ပတ်သက်၍ တိကျစွာထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

NUGက သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ နိုင်ငံတကာ ရှေ့နေ ၂ ဦးပါဝင်သော ဥပဒေပညာရှင်အဖွဲ့ကို မကြာသေးမီက ဖွဲ့စည်းထားသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီကလည်း ICJ ရုံးချိန်းအတွက် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။