Connect with us

Hi, what are you looking for?

News

အစိုးရမဟုတ်သည့် အကြမ်းဖက်စစ်ကောင်စီ ICJ ၌ ကိုယ်စားပြုခွင့်မရသင့်ဟု SAC-M ပြော

ICJ သည် ကုလသမဂ္ဂ၏ အစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂတွင် စစ်ကောင်စီက ကိုယ်စားပြုခွင့် ရရှိမထားဘဲ NUGမှ ခန့်အပ်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့်ရရှိနေ၍ ICJ ကိုယ်စားပြုခွင့်ကို NUG က ရသင့်ကြောင်း အထူးအကြံပေးကောင်စီက သုံးသပ်တိုက်တွန်းသည်။

ဓာတ်ပုံ - ICJ

▪️လာမည့်ဖေဖော်ဝါရီ ၂၁ရက် ICJရုံးချိန်း ကိုယ်စားပြုခွင့် NUG နှင့် စစ်ကောင်စီ အပြိုင်လျှောက်ထား

အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံအတွက် ကိုယ်စားမပြုသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြော သည်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော SAC-M သည် ‘အပြည်ပြည်ဆိုင်ရာ တရားရုံးမှ မြန်မာနိုင်ငံ၏ အမှုအခင်း’ နှင့်ပတ်သက်၍ အနှစ်ချုပ်စာတမ်းတိုတစ်စောင်ကို ထုတ်ပြန်ထားရာ ယင်းစာတမ်း ၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကသာ ICJ ၌ ကိုယ်စား ပြုခွင့်ရသင့်ကြောင်း ရေးသားထားသည်။

ICJ သည် ကုလသမဂ္ဂ၏ အစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂတွင် စစ်ကောင်စီက ကိုယ်စားပြုခွင့် ရရှိမထားဘဲ NUGမှ ခန့်အပ်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့်ရရှိနေ၍ ICJ ကိုယ်စားပြုခွင့်ကို NUG က ရသင့်ကြောင်း အထူးအကြံပေးကောင်စီက သုံးသပ်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုခံရသင့်ကြောင်းလည်း SAC-M က ဆိုသည်။

လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာ-ဂမ်ဘီယာအမှုကို ICJ က ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး အဆိုပါရုံးချိန်းတွင် ကိုယ်စားပြုခွင့်နှင့်ပတ်သက်၍ တိကျစွာထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

NUGက သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ နိုင်ငံတကာ ရှေ့နေ ၂ ဦးပါဝင်သော ဥပဒေပညာရှင်အဖွဲ့ကို မကြာသေးမီက ဖွဲ့စည်းထားသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီကလည်း ICJ ရုံးချိန်းအတွက် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်