Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ခြင်းမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံခြင်းဟု ICJ ဥက္ကဌပြော

မြန်မာ-ဂမ်ဘီယာအမှု၏ ဒုတိယအကြိမ် ကြားနာမှုမစတင်မီ ICJ တရားသူကြီး ဥက္ကဌ Joan E. Donoghue က တရားခွင်၌ အကြိုရှင်းလင်းစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သည် စစ်ကောင်စီအဖွဲ့ကို အစိုးရအဖြစ်လက်ခံအသိအမှတ်ပြုခြင်းမဟုတ်ဘဲ နိုင်ငံကိုယ်စားလက်ခံခြင်းဖြစ်ကြောင်း တရားသူကြီးအဖွဲ့ ဥက္ကဌက ပြောသည်။

မြန်မာ-ဂမ်ဘီယာအမှု၏ ဒုတိယအကြိမ် ကြားနာမှုမစတင်မီ ICJ တရားသူကြီး ဥက္ကဌ Joan E. Donoghue က တရားခွင်၌ အကြိုရှင်းလင်းစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ကြားနာမှု မစတင်ခင် ကြိုတင်အသိပေးလိုတာက ICJ ဟာ အစိုးရ(Government)တွေကို အသိအမှတ်ပြုတာမဟုတ်ပါဘူး။ နိုင်ငံတွေ(States)ကို ကိုယ်စားပြုစေတာဖြစ်ပါတယ်”ဟု Joan E. Donoghueက ပြောသည်။

ယနေ့ တရားခွင်သို့ မြန်မာကိုယ်စားလှယ်အဖြစ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးကိုကိုလှိုင် ဦး​​ဆောင်တက်ရောက်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ICJက ချမှတ်ထားသော ကြားဖြတ်အမိန့်များကို လိုက်နာ​ဆောင်ရွက်နေကြောင်းနှင့် ဂမ်ဘီယာအနေဖြင့် OIC(အပြည်ပြည်ဆိုင်ရာအစ္စလာမ်မစ်အဖွဲ့)ကိုယ်စား တရားစွဲတင်နိုင်ခွင့်မရှိကြောင်း ချေပနေသည်။

ယနေ့တရားခွင်တွင် စစ်​ကောင်စီကိုယ်စားလှယ်နှင့် ရှေ့နေများက ၃ နာရီကြာ လျှောက်လဲခွင့်ရရှိမည်ဖြစ်သည်။

ထို့အပြင် ယနေ့ တရားခွင်ထူးခြားချက်အချို့မှာ မြန်မာဘက်မှ ရှေ့နေ ဝီလီယံရှားဘတ်စ်နုတ်ထွက်မှုအပါအဝင် ရှေ့နေအဖွဲ့ဝင်အချို့ ပြောင်းလဲခြင်းနှင့် ICJ တရားသူကြီး ဥက္ကဌနေရာ ပြောင်းလဲခြင်းဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာက ပထမအကြိမ်ကြားနာမှုတွင် ဆိုမာလီနိုင်ငံသား Abdulqawi Ahmed Yusuf က တရားသူကြီး ဥက္ကဌဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလဆန်းမှစတင်ကာ အမေရိကန်နိုင်ငံသူ Joan E. Donoghue က ပြောင်းလဲတာဝန်ယူသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။