Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ခြင်းမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံခြင်းဟု ICJ ဥက္ကဌပြော

မြန်မာ-ဂမ်ဘီယာအမှု၏ ဒုတိယအကြိမ် ကြားနာမှုမစတင်မီ ICJ တရားသူကြီး ဥက္ကဌ Joan E. Donoghue က တရားခွင်၌ အကြိုရှင်းလင်းစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သည် စစ်ကောင်စီအဖွဲ့ကို အစိုးရအဖြစ်လက်ခံအသိအမှတ်ပြုခြင်းမဟုတ်ဘဲ နိုင်ငံကိုယ်စားလက်ခံခြင်းဖြစ်ကြောင်း တရားသူကြီးအဖွဲ့ ဥက္ကဌက ပြောသည်။

မြန်မာ-ဂမ်ဘီယာအမှု၏ ဒုတိယအကြိမ် ကြားနာမှုမစတင်မီ ICJ တရားသူကြီး ဥက္ကဌ Joan E. Donoghue က တရားခွင်၌ အကြိုရှင်းလင်းစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ကြားနာမှု မစတင်ခင် ကြိုတင်အသိပေးလိုတာက ICJ ဟာ အစိုးရ(Government)တွေကို အသိအမှတ်ပြုတာမဟုတ်ပါဘူး။ နိုင်ငံတွေ(States)ကို ကိုယ်စားပြုစေတာဖြစ်ပါတယ်”ဟု Joan E. Donoghueက ပြောသည်။

ယနေ့ တရားခွင်သို့ မြန်မာကိုယ်စားလှယ်အဖြစ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးကိုကိုလှိုင် ဦး​​ဆောင်တက်ရောက်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ICJက ချမှတ်ထားသော ကြားဖြတ်အမိန့်များကို လိုက်နာ​ဆောင်ရွက်နေကြောင်းနှင့် ဂမ်ဘီယာအနေဖြင့် OIC(အပြည်ပြည်ဆိုင်ရာအစ္စလာမ်မစ်အဖွဲ့)ကိုယ်စား တရားစွဲတင်နိုင်ခွင့်မရှိကြောင်း ချေပနေသည်။

ယနေ့တရားခွင်တွင် စစ်​ကောင်စီကိုယ်စားလှယ်နှင့် ရှေ့နေများက ၃ နာရီကြာ လျှောက်လဲခွင့်ရရှိမည်ဖြစ်သည်။

ထို့အပြင် ယနေ့ တရားခွင်ထူးခြားချက်အချို့မှာ မြန်မာဘက်မှ ရှေ့နေ ဝီလီယံရှားဘတ်စ်နုတ်ထွက်မှုအပါအဝင် ရှေ့နေအဖွဲ့ဝင်အချို့ ပြောင်းလဲခြင်းနှင့် ICJ တရားသူကြီး ဥက္ကဌနေရာ ပြောင်းလဲခြင်းဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာက ပထမအကြိမ်ကြားနာမှုတွင် ဆိုမာလီနိုင်ငံသား Abdulqawi Ahmed Yusuf က တရားသူကြီး ဥက္ကဌဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလဆန်းမှစတင်ကာ အမေရိကန်နိုင်ငံသူ Joan E. Donoghue က ပြောင်းလဲတာဝန်ယူသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။