Connect with us

Hi, what are you looking for?

LuduNwayOo

News

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နယ်သာလန်ကိုသွား

မနေ့က ထွက်ခွာသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်တယ်လို့သိရပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်က ICJ တရားရုံး

◾️ ICJ မှာ စစ်ကောင်စီ က ကိုယ်စားပြု တက်ရောက်တာကို NUG ဘက်က ကန့်ကွက်စာပို့ထား

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ )မှာ တရားစွဲခံရတဲ့အမှုကို ရင်ဆိုင်ဖို့ အတွက် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ကို ထွက်ခွာသွားပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ထွက်ခွာသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကတော့ အွန်လိုင်းကနေတဆင့် ကြားနာပွဲ တက်ရောက်မှာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဂမ်ဘီယာက စွဲဆိုထားတဲ့ ဒီအမှုကို လာမယ့် တနင်္လာနေ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ စတင်ကာ ဖေဖော်ဝါရီလ ၂၈ အထိ ဒုတိယအကြိမ်မြောက်အဖြစ် စတင်ကြားနာမှာဖြစ်ပါတယ်။

ဒုတိယအကြိမ်ကြားနာမှုမှာ တက်ရောက်ဖို့ အတွက် NUG နဲ့ စစ်ကောင်စီဟာ ကိုယ်စားလှယ်အဖွဲ့ကိုအပြိုင်တင်သွင်းထားခဲ့ကြတာပါ။

၂၀၁၉ ခုနှစ် ပထမအကြိမ် ကြားနာစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရုံးကိုမတက်ရောက်နိုင်ရင် ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားတာဖြစ်ပါတယ်။

ICJ အမှုဟာ မြန်မာနိုင်ငံကိုစွဲဆိုတာဖြစ်တဲ့အတွက် စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်တာကြောင့် NUG ကသာ တရားရုံးမှာ ကိုယ်စားပြုခွင့်ရသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောထားတာရှိပါတယ်။

ဒါ့အပြင် ICJ မှာ စစ်ကောင်စီ က ကိုယ်စားပြုပြီး တက်ရောက်မယ်ဆိုတာကိုလည်း NUG ဘက်က ကန့်ကွက်စာပေးပို့ထားပါသေးတယ်။

ICJ ဟာ စစ်ကောင်စီ ကို တက်ရောက်ခွင့်ပြုရင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုမှု ပိုရလာနိုင်တာကြောင့် ကန့်ကွက်မှုတွေကလည်းရှိနေပါတယ်။

ဒါပေမယ့် ICJ ဟာ စစ်ကောင်စီကို တက်ရောက်ဖို့ ဖိတ်ကြားလာတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုထားတာတွေ့ရပါတယ်။

ICJ ဟာ ကုလသမဂ္ဂရဲ့အဆင့်မြင့်ဆုံးတရားရုံးလည်းဖြစ်ပါတယ်။ကုလသမဂ္ဂမှာတော့ စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးထားပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။