သတင်း လုံးခင်းရဲစခန်း လက်နက်ကြီးကုန်းကို KIAပူးပေါင်းတပ် တိုက်ခိုက် ဖားကန့်မြိုနယ်၊ လုံးခင်းကျေးရွာရဲစခန်းကုန်း၌ လက်နက်ကြီးများတပ်ဆင်ထားသည့်နေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်။ ludunwayooမေ 27, 2025
သတင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။ ludunwayooမေ 1, 2025
သတင်း ဗန်းမော်ရှိ စစ်ကောင်စီတပ်နေရာအချို့ KIA ပူးပေါင်းတပ် ထပ်သိမ်းပိုက်၊ မြစ်ဆုံဒေသနှင့် ဖားကန့်လမ်းပိုင်း တိုက်ပွဲဆက်ဖြစ် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်ရခဲ့ပြီး မြစ်ဆုံနှင့် ဖားကန့်ဒေသတွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ludunwayooဧပြီ 29, 2025
သတင်း ဗန်းမော်နှင့် ဖားကန့်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ပြင်းထန်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ludunwayooဧပြီ 27, 2025
သတင်း ဗန်းမော်တိုက်ပွဲ စကခ(၂၁) ကာကင်း ၅ခုထက်မနည်း KIA ပူးပေါင်းတပ် ထပ်သိမ်းပိုက် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ကာကင်းစခန်းများကို ယနေ့ (ဧပြီ ၂၆ရက်) နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဧပြီ 27, 2025
သတင်း ဝိုင်းမော်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(မတ်လ ၂၄ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ludunwayooမတ် 24, 2025
သတင်း ဖားကန့်နှင့် ဝိုင်းမော်၌ တိုက်ပွဲဖြစ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ရက်တွင် ဖော်ပြသည်။ ludunwayooမတ် 24, 2025
သတင်း ဖားကန့်လမ်းပိုင်း၌ KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ ကချင်ပြည်နယ်၊ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ludunwayooမတ် 23, 2025
သတင်း ဗန်းမော်လေယာဉ်ကွင်းနှင့် စရဖရုံးနေရာကိုသိမ်းပိုက် နေရာယူထားဟု KIA ပြော ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။ ludunwayooဇန်နဝါရီ 28, 2025
သတင်း ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ် ဝင်ရောက်ရှင်းလင်း၊ တိုက်ပွဲဆက်ပြင်းထန်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်ဌာနချုပ်အနီးရှိ လေယာဉ်ကွင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ပြီး လက်ကျန် စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဆက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ludunwayooဇန်နဝါရီ 27, 2025