Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ဦးတည်လာတဲ့ စစ်တပ် KIA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် တပ်လန်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ရှေ့တန်းထွက်ဖို့ပြင်ဆင်နေတဲ့ KIA ဂေါ်ရခါးတပ်ရင်းရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ-Jithu Magar)

ဇူလိုင်-၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က မြေပြင်ကနေ အင်အားဖြည့်နိုင်ဖို့ အင်အားအလုံးအရင်း အသုံးပြု ထိုးစစ်ဆင်နေတာကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေရာ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

“ငါးအိုးနဲ့ ရွှေကူကြား ကျနော်တို့ ထိန်းချုပ်ထားဆဲ။လမ်းက အကုန်လုံးပိတ်လိုက်ပြီ။ ကျနော်တို့ ဖြတ်တောက်ပြီးမှ ပိတ်လိုက်ပြီ။ ရွှေကူကနေ ထွက်လာတဲ့ အဖွဲ့တွေက အထက် လေးလမ်းဆုံကနေ သူတို့ မကျော်နိုင်ဘူး။ အထက်လေးလမ်းဆုံကနေ ပြန်ဆုတ်တာ။ ရွှေကူကနေ ထွက်လာတာ အထက်ဘက်ကိုပေါ့။ ဗန်းမော်ဘက်ကို ထွက်လာတာ။ အဲဒါ အထက် လေးလမ်းဆုံဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာ နှစ်ရက်သုံးရက်ရှိပြီ။ သူတို့ တော်တော်လေး အကျအဆုံးများပြီး ပြန်ဆုတ်တာ ရွှေကူဘက် ပြန်ဆုတ်တာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးဒေသကနေ ရွှေကူမြို့ကို အင်အားဖြည့်တင်းပြီး ဗန်းမော်မြို့ကို စစ်ကူပို့နိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမဲ့ စစ်တပ်အထိနာလျက်ရှိပြီး သေဆုံးတာ၊ အရှင်ဖမ်းမိတာ၊ လက်နက်ခဲယမ်းသိမ်းရတာတွေ နေ့စဉ်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုရက်ပိုင်းက ရွှေကူနယ် လေးလမ်းဆုံတိုက်ပွဲမှာလည်း ရုပ်အလောင်းတွေ ပစ်ထားပြီး စစ်တပ်ဟာ ရွှေကူမြို့ဘက် ဆုတ်ခွာသွားတာလို့ ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ ရွှေကူမြို့ကို လေကြောင်းကနေ ရိက္ခာခဲယမ်း ဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ရွှေကူမြို့နယ်တိုက်ပွဲ အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ ၊တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်းစစ်တပ်က ယမန်​နေ့ညကဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့ပြီး ဘုရားဆင်းတုတော်တွေခိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။