Connect with us

Hi, what are you looking for?

All posts tagged "KIA"

သတင်း

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

တိုက်ပွဲများ ဖြစ်ပါက စစ်ကောင်စီတပ်သည် ၎င်းတို့ အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်း၌ အသေခံခိုင်းပြီး စစ်တိုက်ခိုင်းနေပြီး နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး၌ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ကိုကျော်ဇေယျာထွန်းက ပြောသည်။

သတင်း

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်​ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်​သေဆုံးပြီး ၂ ဦးကို​တော်လှန်​ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်းတပ်မ ၆၆ တပ်မမှူးတစ်ဦးသာ​ဘေးကင်း​နေ​သေး

သတင်း

တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) အား တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် အမြဲတမ်းပြောဆိုနေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Facebook