Connect with us

Hi, what are you looking for?

သတင်း

KIA/PDFကို ကန့်ကွက်ကြောင်း စစ်တပ်က ပူတာအိုဒေသခံတွေကို ကျပ်တသောင်းခွဲပေးပြီး ဆန္ဒပြခိုင်း

KIA/KPDFနဲ့ PDF ၁၁ဦး စစ်ကောင်စီထံ အလင်းဝင်ဟုလည်း သတင်းအမှားနဲ့ ဝါဒဖြန့်နေဟု KIAရှင်းလင်း

ပြည်သူ့စစ်တွေ ဝန်းရံပြီး ပူတာအိုဒေသခံတွေကို KIA၊KPDFအား ကန့်ကွက်ဆန္ဒပြခိုင်းနေစဉ်။ ဓာတ်ပုံ - ရေခဲငါး

အောက်တိုဘာ-၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ပူတာအိုမြို့ရှိ KIA၊KPDF၊PDFတပ်ဖွဲ့ဝင်၁၁ဦး လက်နက် ချအလင်းဝင်လာကြောင်း စစ်ကောင်စီထောက်ခံသူတွေက အောက်တိုဘာ ၁၃ရက်မှာ သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၁၅ရက် ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှာ KIA တပ်ဖွဲ့မှ စစ်ကောင်စီထံ အလင်းဝင်လာသူတွေကို မိဘတွေထံ ပြန်လည် အပ်နှံတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ရက်ပေါ် ဖြန့်ဝေလာတဲ့အပေါ် KIAက အခုလို ရှင်းလင်းခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာ ၇ရက်ကလည်း ပူတာအိုမြို့ ခေါင်လန်ဖူးဒေသ ပြည်သူတွေကိုတစ်အိမ်ထောင်တစ်ဦး မလာမနေရ အမိန့်ထုတ်ပြီး တဦးလျင် ကျပ် ၁၅၀၀၀ စီပေးကာ KIO/KIAကို မလိုလားကြောင်း ဆန္ဒပြပြောဆိုမှုတွေ ပြုလုပ်ခိုင်းကြောင်းလည်း ဒေသခံတွေကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဆန္ဒပြမှုဟာ စစ်တပ်က အဓမ္မဖိအားပေး ခိုင်းစေတာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ပြည်သူ့စစ်တွေလုံခြုံရေးယူပြီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ပြည်ပရောက် ရဝမ်လူမျိုးစု အဖွဲ့အစည်း ၈ခုက အောက်တိုဘာ ၁၀ရက်မှာ သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ပထမပတ်အတွင်းက ခေါင်လန်ဖူးနဲ့ ပူတာအိုမှာ ဒေသခံပြည်သူတွေ အမည်ခံ စစ်ကောင်စီရဲ့ အပေါင်းအပါတွေ ဦးဆောင်မှုနဲ့ ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲဖြစ်တယ်လို့ ဆိုပါတယ်။

ပူတာအို ရဝမ်စာပေနဲ့ ယဉ်ကျေးမှုအသင်းက အာဏာရှင်အားပေး ခေါင်းဆောင်ချို့၊ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေနဲ့ ခေါင်လန်ဖူး ဌာနေ ပြည်သူ့စစ်တပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပြည်သူ့သဘောထားမပါဝင်ဘဲ အတင်းအဓမ္မစီစဉ်တဲ့ လူထုဆန္ဒပြပွဲတွေဖြစ်တယ်လို့ ဖော်ပြထားပြီး ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ KIA/PDF ပူးပေါင်းတပ်ရှိရာ နေရာတွေကို ထိုးစစ်ဆင်ရုံသာမက ပြည်သူတွေအထင်အမြင် လွဲမှားစေမယ့် မဟုတ်မမှန်သတင်းတွေထုတ်ပြန်တာဟာ စစ်တပ်လုပ်နေကြ နည်းလမ်းတွေသာ ဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားကြောင်းလည်း အောက်တိုဘာ ၁၅ရက်ည သတင်းဖော်ပြချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကချင်ဒေသက လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ပြည်သူ့စစ်တွေအား အသုံးပြုပြီး ထိုးစစ်ဆင်တာတွေလုပ်ဆောင်နေလို့ လန်ဆယ်၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်တွေမှာ KIAပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒါ့အပြင် KIAကမြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတဲ့ဗန်းမော်မှာလည်း တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook