Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ နေရာတွေအထိ ရွေးကောက်ပွဲလုပ်နိုင်ဖို့ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်နေဟု KIA ပြော

အာဏာသိမ်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ နေရာအများအပြားကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ညက အသိပေးပြီး စစ်ကောင်စီ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ရာ နေရာတွေအထိ ရွေးကောက်ပွဲ ကျင်းပလို၍ဖြစ်ကြောင်း ဖော်ပြပါတယ်။

အောက်တိုဘာ-၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ နေရာအများအပြားကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ညက အသိပေးပြီး စစ်ကောင်စီ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ရာ နေရာတွေအထိ ရွေးကောက်ပွဲ ကျင်းပလို၍ဖြစ်ကြောင်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၁ရက်နဲ့ အောက်တိုဘာ ၂၂ရက်နေ့မှာ KIO ထိန်းချုပ်ရာ နယ်မြေဒေသတွေကို လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ နီးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့နေရာတွေအထိရွေးကောက်ပွဲပြုလုပ်နိုင်ရေးနေရာတိုင်းမှာစစ်ကြောင်းထိုး ထိုးစစ်ဆင်တာ၊ ပြည်သူတွေ နေထိုင်ရာ ကို လေကြောင်းတိုက်ခိုက်တာ နေ့စဉ်မပြတ်ပြုလုပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို လေးကြိမ်၊ရွှေညောင်ပင်ရွာကို နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့လို့ အရပ်သား ၃ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီဟာ လန်ဆယ်အပါအဝင် အနီးပတ်ဝန်းကျင် ဒေသတွင်း ကျေးရွာ ၆ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင်ဖားကန့်ကKIA တပ်ရင်း(၆) ဌာနချုပ် နယ်မြေကိုလည်း နှစ်ရက်ဆက် လေကြောင်း တိုက်ခိုက်ခဲံပါတယ်။

လန်ဆယ်ဒေသ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့နေရာအများစုဟာ ဘုရားကျောင်းတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၀ရက်ကလည်း ခေါင်လန်းဖူးမြို့နယ်ကို လေကြောင်း တိုက်ခိုက်ခဲ့လို့ အသက် ၇၀ ကျော် အရပ်သား တဦးသေဆုံးခဲ့ကြောင်းလည်း အသိပေးပါတယ်။

စစ်တပ်ဟာ ရှမ်းမြောက်အပါအဝင် နိုင်ငံတဝန်းမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူလူထု ထိခိုက်သေဆုံးမှုတွေမကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။