Connect with us

Hi, what are you looking for?

သတင်း

၀ိုင်းမော်၊လမြန်းရွာတိုက်ပွဲခမရ(၃၁၈)တပ်ရင်းမှူး သေဆုံး

ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်​၊လမြန်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိ သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်​တွေက ပြောပါတယ်။

​ရှေ့တန်း တစ်​နေရာမှတိုက်ပွဲဝင်​နေတဲ့ KIA တပ်ဖွဲ့ဝင်တဦး။ဓါတ်ပုံ-Screen Grab

■ဗန်းမော်မှာစစ်တပ်လေကြောင်းပစ်ကူပေး အပြင်းအထန် ထိုးစစ်ဆင်၊လန်ဆယ်ဒေသ တိုက်ပွဲ ပြန်ငြိမ်နေ

စက်တင်ဘာ-၂၆၊၂၀၂၅။ထားမြတ်၊လူ​အေး/People’s Spring

ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်​၊လမြန်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိ သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်​တွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းထားတဲ့ကန်ပိုက်တီဒေသကိုပြန်ရဖို့စစ်ကောင်စီက၀ိုင်းမော် လမြန်ဘက်က ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် ရှေ့မတိုးနိုင်ဘဲ လမြန်ဒေသမှာ တိုက်ပွဲတွေ ကာလရှည် ဖြစ်ပွားနေတာပါ။

Public Service Announcement

Public Service Announcement

“ဒီနေ့ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာတနိုင်းမြို့နယ်အခြေစိုက် ခမရ(၃၁၈) က တပ်ရင်းမှူး ပြင်းထန် ဒဏ်ရာရရှိပြီး မြစ်ကြီးနားကို ကားနဲ့ သယ်သွားတာ လမ်းမှာ ဆုံးသွားပြီ။ ”လို့ကချင်စစ်ရေး သတင်းရင်းမြစ်ကစက်တင်ဘာ ၂၆ရက် ညပိုင်းမှာ ပြောပြပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)လက်အောက်ခံ တနိုင်းမြို့မှာအခြေစိုက်တဲ့ အမှတ် ၃၁၈ ​ခြေမြန်တပ်ရင်း(ခမရ၃၁၈)ဟာ ဝိုင်းမော်မြို့နယ်ကို​ရောက်​နေတာပါ ။စက်တင်ဘာ ၂၆ ရက်ညနေပိုင်းမှာ လမြန်ရွာက ရှေ့တန်းစခန်းကို တပ်ရင်းမှူးစစ်ဆေးစဉ်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

“မြစ်ကြီးနားကိုတန်းခေါ်သွားတယ်။ လမ်းမှာသေတယ်လို့ကြားတယ်။ မပခ(မြောက်ပိုင်းစစ်ဌာနချုပ်)ကနေတော့ လက်နက်ကြီး တွေပစ်တယ်အရမ်း”လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

တပ်ရင်းမှူး ကျဆုံးသွားတာ​ကြောင်ြ စစ်တပ် မကျေမနပ်ဖြစ်ကာ စက်တင်ဘာ ၂၆ရက် ညပိုင်းအထိ လက်နက်ကြီးရမ်းသန်းပစ်ခတ်နေတယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသွားတဲ့ တပ်ရင်းမှူး အမည်ကိုလည်း ဆက်လက်စုံစမ်းနေပါတယ်။

စစ်တပ်ကမြစ်ကြီးနားမြို့ကတစ်ဆင့်ဩဂုတ်၂၇ ရက်မှစတင် ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ စက်တင်ဘာလဆန်းပိုင်းက တိုက်ပွဲမှလည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပါတယ်။လမြန်ရွာအနီးရှိ နမ့်ဝါရွာကိုဩဂုတ်လ ၃၁ရက်နေ့ ညနေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ကချင်ဒေသ ထိုးစစ်တွေမှာ ပြည်သူ့စစ် အင်အားတွေအသုံးပြုပြီး ၀ိုင်းမော် လမြန်ဒေသ၊ ဆော့လော် လန်ဆယ်ဒေသ၊ ဖားကန့်မြို့နယ် တို့ကို ထိုးစစ်ဆင်နေလို့ KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲ တွေဖြစ်ပွားနေတာပါ။

စက်တင်ဘာ ၁၉ရက်ကလန်ဆယ်ဒေသ ကို စတင်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIAတို့ဟာ ၅ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၃ရက် နောက်ပိုင်း တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။

“သူတို့တပ်လှန်ကျပြီးဆုတ်သွားတာအဲဒီကတည်းက ငြိမ်နေတာ ၂၃ရက်ကတည်းက ငြိမ်နေတာ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လန်ဆယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး သေဆုံးသူ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။

ဒါအပြင်စစ်ကောင်စီတပ်ဟာဗန်းမော်မြို့ကိုလည်း ပြီးခဲ့သည့် သုံးရက်ကတည်းက ပြန်လည်ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ ဒီနေ့လည်း အကြီးအကျယ်ထိုးစစ်ဆင်တယ်။ ဒီနေ့လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ရှိတယ်။အခုထိ လက်နက်ကြီးတွေ မရပ်မနားထုနေတယ် ဗန်းမော်ဘက်မှာ “ လို့ သူက ပြောပြပါတယ်။

ကချင်ဒေသ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာတိုက်ပွဲ​တွေပြင်းထန်​နေတာ​ကြောင့် ​ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ကြဖို့ ဗိုလ်
မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။