Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နဲ့ ခေါင်လန်ဖူးမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ KIA ပြော

စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ဝေဟင်သတင်းနားစွင့်ဖို့၊လုံခြုံတဲ့နေရာတည်ဆောက်ထားဖို့ တိုက်တွန်း

KIA တပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။(ပုံ​ဟောင်း)

အောက်တိုဘာ-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ခေါင်လန်ဖူးမြို့နယ်မှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ မှာ ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေတွေ မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက အရင် တိုက်ပွဲတွေ ဖြစ်နေတဲ့ ဗန်းမော်မှာ တိုက်ပွဲဆက်ရှိသလို ဝိုင်းမော်ဘက်မှာလည်း လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါးရှိတယ်လို့ အောက်တိုဘာ၂၅ရက်​နေ့မှာ People’s Springကို​ပြောပါတယ်။

ဒါ့အပြင် ဖားကန့်ဘက်မှာ တိုက်ပွဲ ငြိမ်နေပေမယ့် စစ်ကောင်စီက လူနေရပ်ကွက်တွေကို လက်နက်ကြီး ဒရုန်းပစ်ခတ်မှုတွေရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခေါင်လန်ဖူးမြို့နယ်နဲ့ ဆက်စပ်ဒေသ လန်ဆယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ရှိနေကြောင်း အသိပေးပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် ဆက်သွယ်ရေး အခက်အခဲတွေရှိတဲ့အတွက် မြေပြင်အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ခေါင်လန်ဖူးမြို့နယ်ကလဒမ်းရွာနဲ့ မခေါင်ဒမ်းရွာက စစ်တပ်နဲ့ ပြည်သူ့စစ် တပ်စခန်းနှစ်ခုကို အောက်တိုဘာ ၂၁ရက်က သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တချို့က ပြောထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေမှာ အထိနာတဲ့အခါ လေကြောင်း စစ်ဆင်ရေးတွေ ပိုမိုပြုလုပ်လေ့ရှိပါတယ်။ အောက်တိုဘာ ၂၁ရက်နဲ့ အောက်တိုဘာ ၂၂ရက်တို့မှာ လန်ဆယ်ဒေသ၊ ဝိုင်းမော် လမြန်၊ ရွှေညောင်ပင်နဲ့ ဖားကန့်ဒေသ စတဲ့ KIO ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှုတွေ အများအပြား စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၁ရက် တရက်တည်းမှာပဲ KIO/KIA ထိန်းချုပ်နယ်မြေ ၁၁နေရာကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး အဲဒီထဲမှာ တိုက်ပွဲဖြစ်တဲ့နေရာ ၃နေရာသာပါဝင်ပြီး အများစုက ဘုရားရှိခိုးကျောင်းတွေ၊ ကျေးရွာတွေကို ဗုံးကြဲတာလို့ KIA က အသိပေးထားပါတယ်။

စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာ လေကြောင်း တိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အခုအချိန်မှာ လေကြောင်းသတင်း နားစွန့်ဖို့လည်း ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပါတယ်။

စစ်ကောင်စီဟာ အခုအချိန်မှာ ပြည်သူလူထုရော၊ ရန်သူရော ဘာမှ မခွဲခြားဘဲနဲ့ လေကြောင်း တိုက်ခိုက်တာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာတွေလုပ်ဆောင်နေတာလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း ဝေဟင်သတင်းတွေ အမြဲတမ်းနားထောင်ဖို့ လိုသလို မိသားစုအတွက် လုံခြုံတဲ့နေရာတွေကိုလည်း တည်ဆောက်ထားဖို့ လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ပြည်သူလူထုအနေနဲ့လည်း ဝေဟင်သတင်းတွေ အမြဲတမ်းနားထောင်ဖို့ လိုပါတယ်။ မိသားစုအတွက် လုံခြုံတဲ့နေရာတွေကို တည်ဆောက်ထားဖို့လည်း လိုပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေရဲ့ လတ်တလော စစ်ရေးအခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နိုဝင်ဘာ ၂၇ရက်မှာ ရှင်းလင်းဖြေကြားပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

သတင်း

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...