Connect with us

Hi, what are you looking for?

သတင်း

မချမ်းဘောမှာ KIAကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီပူးပေါင်းတပ် အထိနာ

ကချင်ပြည်နယ်၊မချမ်းဘောမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မ တော် (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်၊ပြည်သူ့စစ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ပူးပေါင်းတပ်တွေ အထိနာကာ ထွက်ပြေးသွားတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

မချမ်းဘောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီပူးပေါင်းတပ် ကျန်ခဲ့တဲ့ စစ်အသုံးအဆောင်တွေ။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊မချမ်းဘောမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မ တော် (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်၊ပြည်သူ့စစ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ပူးပေါင်းတပ်တွေ အထိနာကာ ထွက်ပြေးသွားတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အောက်တိုဘာ ၁၃ရက်က မချမ်းဘောမြို့နယ်၊ ရှန်ခချောင်းနဲ့ ထန်ဂါးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူ့စစ်နဲ့ စခတွေ ပေါင်းပြီးမှ လှုပ်ရှားလာတာ ကျနော်တို့နဲ့ထိတွေ့မှု ဖြစ်တာ။အဲဒါသူတို့အကျအရှုံးများပြီးအရှင်ဖမ်းခံရတာလည်းရှိတယ်။ သူတို့ထွက်ပြေးသွားတာ။ဆက်လက်ပြီးရှေ့ဆက်တိုးရင်းနဲ့သူတို့ရဲ့စခန်းအသေးတခုကို ပြန်သိမ်းပိုက်ရရှိထားတာရှိတယ်။ ထန်ဂါးရွာနားက ပြည်သူ့စစ်နဲ့ စခ ပူးပေါင်းစခန်း အသေးလေးပေါ့”လို့ ကချင်စစ်ရေးသတင်း ရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီ ပူးပေါင်းတပ်တွေ မချမ်းဘောမြို့ဘက် ဆုတ်ခွာထွက်ပြေးသွားတာလို့ ဆိုပါတယ်။

အခြားသတင်းရင်းမြစ်ကလည်း “ပြည်သူ့စစ်တွေနဲ့ မင်းအောင်လှိုင်အဖွဲ့တွေ တပ်မဟာ(၁) တပ်ရင်း(၇) နေရာဘက်မှာ သူတို့ စစ်ကြောင်းထိုးတာ။ စစ်ကြောင်းထိုးတဲ့အချိန်မှာဒီ KIAတွေက ကြားထဲက ဖြတ်တိုက်တာ။ ဖြတ်တိုက်လို့ အထိနာသွားတာ” လို့ ပြောပါတယ်။

မချမ်းဘောတိုက်ပွဲရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေလူမှုကွန်ရက်မှာဒီကနေ့ တွေ့ရပြီး စစ်ကောင်စီ ပူးပေါင်းတပ်က ကျန်ခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ဟာ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။

မချမ်းဘောတိုက်ပွဲနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။