Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည်ပက ရောက်လာတဲ့ ပါဆယ်ထုပ်ကနေ Omicron ဗိုင်းရပ်စ် ကပ်ပါလာတယ်လို့ တရုတ်ယူဆ

တရုတ်ကို Omicron ရောက်ရှိနေပြီလို့ အတည်ပြုနိုင်ခဲ့တဲ့နောက် ပြည်ပက တင်ပို့လိုက်တဲ့ စာနဲ့ ပါဆယ်ထုပ်တွေကို သေချာ ပိုးသတ်ဖို့၊ စာပို့ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပြီးကြောင်း ခိုင်မာစေဖို့ ကြပ်မတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်တွင်းမှာ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် စတင် ရောက်ရှိလာတာဟာ စာပို့လုပ်ငန်း ပါဆယ်ထုပ်တွေနဲ့ ဆက်စပ်နေတယ်လို့ တရုတ် အာဏာပိုင်တွေက ယူဆနေပါတယ်။

တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက ပြည်တွင်းမှာ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးအကြိမ် ကူးစက်မှု တွေ့ရှိကြောင်း ကြေညာခဲ့ပြီး စာနဲ့ ပါဆယ်ထုပ်တွေကို လက်ခံ ရရှိချိန်မှာ နှာခေါင်းစည်းနဲ့ လက်အိတ်တွေ ဝတ်ဆင် အသုံးပြုကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ အခု တွေ့ရှိတဲ့ Omicron ကူးစက်မှုဟာ ကနေဒါ နိုင်ငံကနေ ပေးပို့လိုက်တဲ့ ပါဆယ်ထုပ် တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

တရုတ်ကို Omicron ရောက်ရှိနေပြီလို့ အတည်ပြုနိုင်ခဲ့တဲ့နောက် ပြည်ပက တင်ပို့လိုက်တဲ့ စာနဲ့ ပါဆယ်ထုပ်တွေကို သေချာ ပိုးသတ်ဖို့၊ စာပို့ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပြီးကြောင်း ခိုင်မာစေဖို့ ကြပ်မတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်ဟာ လာမယ့် သီတင်းသုံးပတ်လောက်ကျရင် ဘေဂျင်းမြို့တော်မှာ ဆောင်းရာသီ အိုလံပစ်ပွဲတော် စတင် ကျင်းပဖို့ စီစဉ်ထားတာကြောင့် ကူးစက်နှုန်းမြန် Omicron ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိလာတဲ့ ကိစ္စကို အပူတပြင်း တုံ့ပြန်ဖို့ စိုင်းပြင်းနေတာပါ။ Omicron ဝင်ရောက်နိုင်ခြေကို ကန့်သတ်ဖို့ ဘက်ပေါင်းစုံ ကြိုးစားထားပေမယ့် ယိုပေါက်တွေက ရှိနေကြောင်း၊ တတ်နိုင်သလောက် ပြည်ပကနေ ပစ္စည်းတွေ မှာယူတာမျိုး မလုပ်ဘဲ ရှောင်ရှားသင့်ကြောင်း၊ မဖြစ်မနေ ကိုင်တွယ်ရမယ် ဆိုရင်လည်း အကာအကွယ်တွေ သေချာ စီမံပြင်ဆင်ဖို့လိုကြောင်း တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ အဆိုအရ Omicron ကူးစက်မှု ခံထားရသူဟာ ကနေဒါကနေတဆင့် အမေရိကန်၊ ဟောင်ကောင်တို့ကို ခရီးတစ်ထောက်နားပြီး ရောက်ရှိလာတဲ့ ပါဆယ်ထုပ်ကို ကိုင်တွယ်ထားတာ စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုဟာ ဒီပါဆယ်ထုပ်ကြောင့်လို့တော့ အတိအကျ မပြောနိုင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက တစ်ဦးချင်း ကြိုတင်ပြင်ဆင် ကာကွယ်မှု အရမ်း အရေးကြီးတယ်ဆိုတာ ညွှန်ပြနေကြောင်း CCTVက ဆိုပါတယ်။

တစ်ဖက်မှာတော့ ကုန်ပစ္စည်းတွေရဲ့ မျက်နှာပြင်ပေါ် ဗိုင်းရပ်စ် ကပ်ငြိပါလာပြီး ရောဂါ ကူးစက်နိုင်တဲ့ အလားအလာအပေါ် ပညာရှင်တွေကြား အငြင်းပွားမှုတွေ ရှိနေပါတယ်။ အမေရိကန်ရဲ့ ရောဂါ တားဆီး ထိန်းချုပ်ရေး ဌာန (CDC)က အရာဝတ္ထုတွေရဲ့ မျက်နှာပြင်မှာ ဗိုင်းရပ်စ်ကပ်ပြီး လူကို ကူးစက်တယ်ဆိုတာ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်လို့ ထုတ်ပြန်ဖူးပါတယ်။

Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ Omicronဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံးဖြစ်ပြီး ရောဂါ ပြင်းထန်နိုင်ခြေကတော့ အရင်က မျိုးကွဲတွေနဲ့ ယှဉ်ရင် ပျော့ပြောင်းသွားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။