Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicronရဲ့ ထပ်ဆင့်မျိုးကွဲက ကူးစက်နှုန်း ပိုမြန်တယ်လို့ ဒိန်းမတ် သုတေသီတွေပြော

BA.2ဟာ မူလ BA.1(Omicron)ကို လွှမ်းမိုးလာပြီး ပြည်တွင်းက ကိုဗစ် ကူးစက်မှုတွေမှာ အဓိက အကျဆုံး ဦးဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာတယ်လို့ ဒိန်းမတ်က ဆေးသုတေသန စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။

Omicron ကိုရိုနာ ဗိုင်းရပ်စ်ကနေ ထပ်ဆင့် မျိုးဗီဇ ပြောင်းလာပြန်တဲ့ မျိုးကွဲသစ် တစ်ခုဟာ Omicronထက်တောင် ကူးစက်နှုန်း ပိုမြန်တယ်လို့ ဒိန်းမတ် သုတေသီတွေက သတိပေး ပြောကြားလိုက်ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေထဲမှာ Omicronဟာ ကူးစက်နှုန်း အမြန်ဆုံးအဖြစ် သတ်မှတ် ခံထားရပါတယ်။ Omicron ဆိုတာဟာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတ်မှတ်ပေးထားတဲ့ နာမည်ဖြစ်ပြီး မူလ ကုတ်ဒ်နာမည်ကတော့ BA.1လို့ ခေါ်ပါတယ်။ အခုတော့ BA.1ကနေ ဆင့်ပွားပြီး မျိုးဗီဇ ထပ်ပြောင်းလာတဲ့ BA.2 ကိုရိုနာဗိုင်းရပ်စ်ကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။

BA.2ဟာ မူလ BA.1(Omicron)ကို လွှမ်းမိုးလာပြီး ပြည်တွင်းက ကိုဗစ် ကူးစက်မှုတွေမှာ အဓိက အကျဆုံး ဦးဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာတယ်လို့ ဒိန်းမတ်က ဆေးသုတေသန စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူတွေမှာ ရောဂါ ကူးစက်နိုင်ခြေကတော့ ကာကွယ်ဆေး လုံးဝ မထိုးထားသူတွေထက် သိသိသာသာ ပိုလျော့နည်းနေဆဲလို့လည်း ပညာရှင်တွေက ဆိုပါတယ်။ သုတေသီတွေက BA.2ဟာ အသက်အရွယ်၊ လိင်အမျိုးအစား၊ မိသားစုမျိုးရိုးအလိုက် ရောဂါ ကူးစက်နှုန်း ပြောင်းလဲနိုင်သလား ဆိုတာတွေကို ဆက်လက် လေ့လာနေပါတယ်။

Public Service Announcement

Public Service Announcement

ကိုပင်ဟေဂင် တက္ကသိုလ်နဲ့ ဒိန်းမတ် ကျန်းမာရေး ဝန်ကြီးဌာနက ပူးပေါင်း သိပ္ပံပညာရှင် အဖွဲ့ဟာ BA.2နဲ့ ပတ်သက်လို့ သိရှိထားသမျှ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ကပ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ သဘော သဘာဝကို ပိုမို နားလည်လာနိုင်စေဖို့ အထောက်အပံ့ ဖြစ်စေမယ်လို့လည်း ယုံကြည်နေပါတယ်။

BA.2ဟာ BA.1(Omicron)နဲ့ ယှဉ်ရင် ကာကွယ်ဆေး ထိုးထားသူတွေရော၊ ထိုးမထားသူတွေမှာ ကူးစက်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးထားရင်တော့ ကူးစက်မှုကို ဟန့်တားဖို့ ပိုမို ထိရောက်တဲ့ အတားအဆီးတစ်ခု ရှိနေဦးမယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ဆေး နှစ်ကြိမ်မကဘဲ တတိယမြောက်နဲ့ စတုတ္ထမြောက် အားဖြည့်ဆေး (Booster)တွေ ထိုးထားရင်တော့ ဒီမျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုကို ပိုမို တားဆီးနိုင်မယ်လို့လည်း သိရပါတယ်။ နောက်ပြီး ဆေးထိုးထားလျက်နဲ့ ရောဂါကူးသွားပြီး ရရှိလာတဲ့ ကိုယ်ခံအား Antibodyက BA.2ရော၊ BA.1ကိုပါ ဟန့်တားနိုင်စွမ်း ပိုအားကောင်းလာတယ်လို့လည်း ကိုပင်ဟေဂင် တက္ကသိုလ်ရဲ့ ပညာရှင်တွေက ဆိုပါတယ်။

လူဦးရေ ၅.၈ သန်းလောက်သာရှိတဲ့ ဒိန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပျမ်းမျှ တစ်နေ့ကို ကိုဗစ်လူနာသစ် ၄ သောင်းခွဲကျော်ကျော်လောက် တိုးပွားနေပါတယ်။ လက်ရှိ အနေအထားအရ ဒိန်းမတ်မှာ ကိုဗစ်ကြောင့် ဆေးရုံ တက်နေရသူ ၁၀၀၀ ကျော် ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

နိုင်ငံတကာ

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သတင်း

ကမ္ဘာ့မြောက်ပိုင်း၊ အာတိတ်ဒေသမှာ ရှိနေတဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူနိုင်ရေးဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အထူးအရေးကြီးတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားထားတဲ့နောက် ဂရင်းလန်က အခုလို သဘောထား တုံ့ပြန်လာတာ ဖြစ်ပါတယ်။ အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း...

နိုင်ငံတကာ

ဂရင်းလန်ကျွန်း အရေးဟာ တကယ့် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားသွားပါတယ်။