နိုင်ငံတကာ Omicronဟာ Deltaလောက် ဖျက်ဆီးအား မပြင်းထန်ကြောင်း WHO အတည်ပြု၊ မပေါ့ဆဖို့ သတိပေး Omicronဟာ အန္တရာယ်များတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဆိုတာ သဘောပေါက်ထားကြဖို့ လိုကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေး ထိုးမထားသူတွေမှာ ပိုပြီး ဒုက္ခပေးနိုင်ကြောင်း WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောကြားသွားပါတယ်။ LuduNwayOoဇန်နဝါရီ 13, 2022
ဗီဒီယို Delta ထပ် ပိုဆိုးနေတဲ့ Omicron ပြင်သစ်မှာဆိုရင် နေ့အလိုက် ကူးစက်နှုန်း စံချိန်သစ်တွေပါ ကြုံနေရသလို ဆေးရုံတက်ရသူ ဦးရေလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ ကျန်းမာရေး ဝန်ကြီး အိုလီဗီရာ ဗီရန်းက ဇန်နဝါရီ လကုန်လောက် အခြေအနေဟာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ LuduNwayOoဇန်နဝါရီ 12, 2022
ဗီဒီယို ဆိုက်ပရပ်စ်မှာ Deltaနဲ့ Omicronမျိုးစပ် ကိုရိုနာဗိုင်းရပ်စ် အသစ် တွေ့ရှိကြောင်း သတင်းထွက်နေ Deltacronရဲ့ အန္တရာယ် ပေးနိုင်စွမ်းဟာ ဘယ်လောက်ထိ ကျယ်ပြန့် အားကောင်းလာမလဲ ဆိုတာကို ခန့်မှန်းဖို့တော့ စောလွန်းသေးတယ်လို့လည်း သူက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ Deltacronနဲ့ ပတ်သက်လို့ စုံစမ်း လေ့လာနေဆဲဖြစ်ပြီး ဘာအတည်ပြုချက်မှ မပေးသေးပါဘူး။ LuduNwayOoဇန်နဝါရီ 11, 2022
ဗီဒီယို Omicronကြောင့် သေဆုံးနိုင်ခြေကို Johnson & Johnson ကာကွယ်ဆေး Boosterက သိသိသာသာ လျှော့ချနိုင် Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့တဲ့ တောင်အာဖရိက နိုင်ငံမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အခါ Johnson & Johnsonရဲ့ ဆေးကို တတိယမြောက် Booster ထိုးလိုက်တဲ့အခါ ကာကွယ်ဆေးရဲ့ Antibody လှုံ့ဆော်နိုင်စွမ်းကို ၈၅ ရာခိုင်နှုန်းလောက် ထပ်မြင့်တက်လာစေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ LuduNwayOoဒီဇင်ဘာ 30, 2021
နိုင်ငံတကာ Omicronကြောင့် Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် လုံးဝ ပျောက်ကွယ်သွားဖို့ ပညာရှင်တွေ မျှော်လင့် Deltaမျိုးကွဲကို ဖယ်ထုတ်ပစ်နေတယ် ဆိုတာက ကောင်းတဲ့ကိစ္စ တစ်ခုလည်း ဖြစ်ချင် ဖြစ်လာနိုင်ကြောင်း၊ တစ်နည်းအားဖြင့် လူသားတွေဟာ Deltaနဲ့ တခြား မျိုးကွဲတွေထက် ရောဂါပြင်းထန်နိုင်ခြေ ပိုနည်းတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးနဲ့သာ ယှဉ်တွဲနေထိုင်ရမယ့် အခြေအနေဆီ ရောက်လာနိုင်ကြောင်းလည်း သူက ဆိုပါတယ်။ LuduNwayOoဒီဇင်ဘာ 29, 2021
News ဒူဘိုင်းကပြန်လာသူ ၄ ဦးမှာ အိုမီခရွန်တွေ့ရတယ်လို့ စစ်ကောင်စီထုတ်ပြန် ကုသရေးစင်တာမှာ စောင့်ကြပ်ပြီး သတ်မှတ်ရက်ပြည့်တဲ့နောက် ကျန်းမာရေးကောင်းမွန်ကြလို့ ဆင်းခွင့်ပြုလိုက်ပြီး ၄ ဦးလုံး ကျန်းမာရေးကောင်းကြတယ်လို့လည်း စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာန က ဆိုထားပါတယ်။ LuduNwayOoဒီဇင်ဘာ 28, 2021
ဗီဒီယို Omicron ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေက အအေးမိ တုပ်ကွေးနဲ့ ပိုဆင်တူလာ အခုဆိုရင် နိုင်ငံတချို့မှာ Omicronဟာ Deltaကို ကျော်ပြီး အဓိက လွှမ်းမိုး ကူးစက်မှု အများဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာနေပါပြီ။ LuduNwayOoဒီဇင်ဘာ 26, 2021
နိုင်ငံတကာ Omicronကြောင့် ရောဂါပြင်းသူ ဦးရေက တခြား ဗိုင်းရပ်စ် မျိုးကွဲတွေထက် လျော့နည်းဖွယ်ရှိ အဓိပ္ပါယ်ကတော့ Omicronဟာ Sars-Cov-2 မျိုးကွဲ အားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံးပေမယ့် ရောဂါပြင်းထန်နိုင်ခြေ အနည်းဆုံး ကိုရိုနာဗိုင်းရပ်စ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို အခိုင်အမာ ယုံကြည်လက်ခံဖို့ ဆိုတာက စောလွန်းနေသေးပြီး လုံးဝ မပေါ့ဆသင့်ဘူးလို့ ဗြိတိန်က ဆရာဝန်တွေက ပြောပါတယ်။ LuduNwayOoဒီဇင်ဘာ 23, 2021
ဗီဒီယို Omicron ခြိမ်းခြောက်မှုကြောင့် ခရစ္စမတ်မှာ ခရီးမထွက်ကြဖို့ WHO တိုက်တွန်း ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ကာကွယ်ဆေး ထိုးထားသူတွေ၊ ခန္ဓာကိုယ်မှာ ကိုယ်ခံအား Antibody ထွက်နှင့်ပြီးသား သူတွေကိုပါ တကျော့ပြန် ကူးစက်နိုင်ခြေ ရှိတယ်လို့ ယေဘုယျ ယူဆထားကြပါတယ်။ LuduNwayOoဒီဇင်ဘာ 22, 2021
နိုင်ငံတကာ Omicron ဗိုင်းရပ်စ်ဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ် သတိပေး ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းအသစ်တစ်ခု စတင်လာတာမျိုး ကြုံနေတဲ့ ဂျာမနီမှာလည်း ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘက်ချ်က တစ်နိုင်ငံလုံး အနေနဲ့ အရင်က မကြုံဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ LuduNwayOoဒီဇင်ဘာ 19, 2021