Connect with us

Hi, what are you looking for?

ဗီဒီယို

Deltaနဲ့ Omicron ပေါင်းစပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဗြိတိန် ပညာရှင်တွေ စောင့်ကြည့်နေ

ဒါဟာ လူနာတစ်ဦးက မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် နှစ်မျိုးစလုံး ကူးစက်ခံရပြီး မျိုးဗီဇ ပေါင်းစပ်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပေမယ့် ဗြိတိန်အပြင် တခြားနိုင်ငံတွေမှာပါ ဒီလို ကိစ္စမျိုးတွေ ရှိနေသေးသလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။

Deltaနဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်တွေရဲ့ မျိုးဗီဇတွေ ပေါင်းစပ် ပါဝင်နေတဲ့ နောက်ထပ် နှစ်မျိုးရော ဗိုင်းရပ်စ် အသစ်ကို ဗြိတိန် ကျန်းမာရေး ပညာရှင်တွေက တရားဝင် စတင် စောင့်ကြည့်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဗြိတိန်မှာ တွေ့ရှိတဲ့ ကိုဗစ်လူနာ တစ်ဦးကို ဓာတ်ခွဲ စစ်ဆေးကြည့်ရာမှာ Deltaရော၊ Omicronရဲ့ ဝိသေသတွေပါ ရောနှော ပါဝင်နေတဲ့ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စတင် တွေ့ရှိခဲ့ကြောင်း ဗြိတိန် ကျန်းမာရေး လုံခြုံမှု အေဂျင်စီက ထုတ်ပြန်ပါတယ်။

ဒါဟာ လူနာတစ်ဦးက မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် နှစ်မျိုးစလုံး ကူးစက်ခံရပြီး မျိုးဗီဇ ပေါင်းစပ်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပေမယ့် ဗြိတိန်အပြင် တခြားနိုင်ငံတွေမှာပါ ဒီလို ကိစ္စမျိုးတွေ ရှိနေသေးသလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။

လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ဆိုက်ပရပ်စ်မှာ Deltaနဲ့ Omicron ပေါင်းစပ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီး Deltacronလို့ နာမည်ပေးထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဓာတ်ခွဲရလဒ် အမှားအယွင်းသာ ဖြစ်ပြီး မျိုးစပ် ကိုရိုနာဗိုင်းရပ်စ် ကိစ္စက လူတွေ အထိတ်တလန့် ဖြစ်ရတဲ့ သတင်းမှား တစ်ပုဒ်လို့ ပညာရှင်တွေက ပြန်ရှင်းလင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီတစ်ကြိမ် ဗြိတိန်မှာတော့ Deltacronကို အမှန်တကယ် တွေ့ရှိထားပြီး ဒီပေါင်းစပ် မျိုးစိတ်သစ်ရဲ့ အလားအလာနဲ့ အန္တရာယ်တွေကို သေချာ စောင့်ကြည့်နေကြောင်း ဗြိတိန် ကျန်းမာရေး လုံခြုံမှု အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Deltaရော၊ Omicronပါ ကူးစက်နှုန်း အရမ်းမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေအဖြစ် လူသိများပြီး အခု ပေါင်းစပ် မျိုးကွဲသစ်ရဲ့ ပြင်းထန်နိုင်ခြေနဲ့ ကူးစက်နှုန်းတွေက ဘယ်လို ရှိမလဲ ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါဘူး။ ပြီးတော့ Deltacron ကူးစက်မှုဟာ အရမ်းနည်းပါးနေပြီး လတ်တလော စိုးရိမ်စရာ မရှိသေးဘူးလို့လည်း အေဂျင်စီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

“Delta၊ ဒါမှမဟုတ် Omicronတို့လိုမျိုး ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး Deltacronက ဖြစ်မလာလောက်ဘူး ထင်ပါတယ်”လို့ အရှေ့ အန်ဂျလီရာ တက္ကသိုလ်ရဲ့ ကူးစက်ရောဂါ ပါရဂူ ပေါလ်ဟန်တာက သုံးသပ်ပါတယ်။ အခုဆိုရင် ကမ္ဘာတလွှားမှာ ကာကွယ်ဆေး ထိုးထားသူတွေ အမြောက်အမြား ရှိနေပြီး ကိုဗစ်ရောဂါဒဏ်ကို အတော်လေး အထိုက်အလျောက် ခံနိုင်ရည် ရှိနေကြပြီလို့လည်း သူက ဆိုပါတယ်။

ဗြိတိန်ဟာ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ လလယ်လောက်ကစလို့ ကူးစက်နှုန်း ပြန်လည် ကျဆင်းသွားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။