Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Omicron အထူးပြု ကာကွယ်ဆေး Booster စစမ်းတော့မယ့် Moderna

ပြိုင်ဘက် အမေရိကန် ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Pfizerကလည်း Omicronအတွက် သီးခြား Booster စမ်းသပ်မှုတွေ စတင်တော့မယ်လို့ ကြေညာပြီး မရှေးမနှောင်းမှာ Modernaက အခု အစီအစဉ်ကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။

Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်အတွက် အထူးပြု တီထွင်ထားတဲ့ အားဖြည့် ကာကွယ်ဆေး Boosterကို အမေရိကန် ဆေးသုတေသန ကုမ္ပဏီကြီး Modernaက လက်တွေ့ စမ်းသပ် ထိုးနှံပေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ကူးစက်နှုန်း အရမ်းမြန်တဲ့ မျိုးကွဲသစ် Omicronကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ Omicronဟာ မူရင်း ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှု အများအပြား ဖြစ်နေတာကြောင့် ရှိရင်းစွဲ ကာကွယ်ဆေးတွေက အာနိသင် သိပ်မထိရောက်တော့သလို ဖြစ်လာပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ကုမ္ပဏီကြီးတွေက Omicronကို အဓိက ပစ်မှတ်ထားတဲ့ အားဖြည့် ကာကွယ်ဆေး Booster ထပ်ထုတ်ဖို့ စိုင်းပြင်းလာကြပါတယ်။

Modernaက သူတို့ရဲ့ ကာကွယ်ဆေး Booster အသစ်ကို အရွယ်ရောက်ပြီးသူ ၆၀၀ လောက်မှာ စတင် စမ်းသပ်နေပြီလို့ ပြောပါတယ်။ အဲဒီထဲက ၃၀၀ လောက်ဟာ Modernaက အရင် ထုတ်လုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ၆ လအတွင်း ၂ ကြိမ် အပြည့် ထိုးထားပြီးသူတွေလို့ ဆိုပါတယ်။ ကျန်တဲ့ တစ်ဝက်ကတော့ ကာကွယ်ဆေး ၂ ကြိမ်အပြင် Booster ဆေး ၁ လုံးပါ ထိုးထားသူတွေ ဖြစ်ပါတယ်။

ဒီလေ့လာမှုက Omicronအတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ထားတဲ့ Boosterဟာ ကာကွယ်ဆေး အနေနဲ့ ၃ ကြိမ်မြောက်၊ ဒါမှမဟုတ် ၄ ကြိမ်မြောက်မှာ ထိုးရင် ဘယ်လိုဘယ်ပုံ ပြောင်းလဲ သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာကို သိရှိနိုင်ဖို့ ရည်ရွယ်ထားတာပါ။

Public Service Announcement

Public Service Announcement

ကနဦး လေ့လာမှုတွေအရ မူလ Moderna ကာကွယ်ဆေးကို တစ်လအတွင်း ထိုးပြီးသူတွေရဲ့ ရောဂါ ကာကွယ်နိုင်စွမ်း Antibodyဟာ လွန်ခဲ့တဲ့ ၆ လက ဆေးထိုးထားသူတွေနဲ့ ယှဉ်ရင် ၆ ပုံ ၁ ပုံလောက်ထိ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ၅၀ မိုက်ခရိုဂရမ် ပမာဏ Booster ထိုးထားသူ ၂၀ လောက်ရဲ့ သွေးရည်ကြည် နမူနာကို ရယူပြီး စစ်ဆေးထားတဲ့ ရလဒ် ဖြစ်ပါတယ်။

ပြိုင်ဘက် အမေရိကန် ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Pfizerကလည်း Omicronအတွက် သီးခြား Booster စမ်းသပ်မှုတွေ စတင်တော့မယ်လို့ ကြေညာပြီး မရှေးမနှောင်းမှာ Modernaက အခု အစီအစဉ်ကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။

Modernaရော၊ Pfizerပါ mRNA နည်းပညာကို အခြေခံတဲ့ ကာကွယ်ဆေးတွေ တီထွင်ထားကြတာ ဖြစ်ပါတယ်။ Omicronဟာ ကြုံဖူးသမျှ ကူးစက်နှုန်း အမြန်ဆုံး ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာပြီး သီတင်းတစ်ပတ်ကို ပျမ်းမျှ လူနာသစ် ၂၁ သန်းလောက် တိုးပွားတဲ့ထိကို ကူးစက်တာ မြန်ဆန်နေပါတယ်။ ဒါပေမဲ့ အရင်မျိုးစိတ်ဟောင်း ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်ရင်တော့ Omicronကြောင့် လူသေတဲ့ထိ ရောဂါ ပြင်းထန်နိုင်ခြေ အချိုးအစားက သိသိသာသာ လျော့ကျသွားကြောင်း နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။