Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicronကြောင့် ရောဂါ ပြင်းထန်နိုင်ခြေက လျော့ကျသွားတယ်လို့ ဗြိတိန် အစိုးရ ထုတ်ပြန်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က Omicronဟာ ရောဂါပြင်းထန်နိုင်ခြေ လျော့လာတာ ဖြစ်နိုင်ပေမယ့် ကူးစက်နှုန်း အရမ်းမြန်လွန်းတာကြောင့် လူသားမျိုးနွယ်ကို အကြီးအကျယ် ဒုက္ခပေးနိုင်ဆဲလို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ ဗြိတိန်ကလည်း အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကိုဗစ်ရောဂါ ဖြစ်ပွားမှုဟာ အရင်မျိုးကွဲတွေထက် စာရင် ပိုမို ပျော့ပျောင်း သက်သာတယ်လို့ ယုံကြည်ရကြောင်း ဗြိတိန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က Omicronဟာ ရောဂါပြင်းထန်နိုင်ခြေ လျော့လာတာ ဖြစ်နိုင်ပေမယ့် ကူးစက်နှုန်း အရမ်းမြန်လွန်းတာကြောင့် လူသားမျိုးနွယ်ကို အကြီးအကျယ် ဒုက္ခပေးနိုင်ဆဲလို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ ဗြိတိန်ကလည်း အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ Omicron ကူးစက်မှုတွေကို အလုံးအရင်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ နိုင်ငံ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အရင်က ကူးစက်ခဲ့တဲ့ Delta မျိုးကွဲလို ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်ရင် အရွယ်ရောက်ပြီးသူတွေမှာ ရောဂါ ပြင်းထန်တာမျိုးက သိသိသာသာ လျော့ကျသွားတယ်လို့ သိရပါတယ်။ Omicron ကူးစက်မှုတွေကြောင့် ဆေးရုံတက်ရတဲ့ ကလေးအရေအတွက်တော့ ပိုများလာပေမယ့် ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်တာမျိုး အရမ်းနည်းတယ်လို့လည်း ဆိုပါတယ်။

The Open တက္ကသိုလ်က ကျန်းမာရေးနဲ့ အချက်အလက်ဆိုင်ရာ ပရော်ဖက်ဆာ ကီဗင် မက်ကွန်ဝေးက ဗြိတိန်မှာ ဗိုင်းရပ်စ် ကူးစက်မှု အများစုက ဘာရောဂါ လက္ခဏာမှ မပြသကြကြောင်း၊ ဒါပေမဲ့လည်း ဒီလို ရောဂါလက္ခဏာ မပြတဲ့ သူတွေကနေတဆင့် နောက်ထပ် ဆင့်ပွား ကူးစက်မှုတွေ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာရောဂါ လက္ခဏာမှ မပြတဲ့ သူတွေကလည်း ပုံမှန် ဆေးစစ်တာတွေ မလုပ်ကြကြောင်း၊ ဒီအတွက် ကူးစက်မှုကို ဆက်ပြီး ဖြန့်ဝေသလိုတော့ ဖြစ်နေနိုင်ကြောင်း သူက ဆိုပါတယ်။ ဗြိတိန်ဟာ လတ်တလောမှာ ပျမ်းမျှ တစ်နေ့ကို ကိုဗစ် လူနာသစ် တစ်သိန်း ဝန်းကျင်လောက် တိုးပွားတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

ဗြိတိန်ဟာ ဥရောပတိုက်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံအဖြစ်လည်း ရပ်တည်နေပါတယ်။ ဗြိတိန်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ ၁၅ သန်းကျော် တွေ့ရှိထားပြီး သေဆုံးသူ ၁ သိန်းခွဲ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။