Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicron ထပ်ဆင့်မျိုးကွဲတွေက ကိုဗစ် လူနာဟောင်းတွေကိုရော၊ ကာကွယ်ဆေး ထိုးထားသူတွေကိုပါ ကူးစက်နိုင်

သုတေသန အချက်အလက်တွေက Omicron ဆင့်ပွား မျိုးကွဲသစ်တွေဟာ ကာကွယ်ဆေး ထိုးနှံနှုန်း အရမ်းမြင့်တဲ့ လူ့အဖွဲ့အစည်းမျိုး၊ BA.1နဲ့ BA.2 ကူးစက်မှုတွေကြောင့် ကိုယ်ခံအား ရရှိထားပြီးသား လူ့အဖွဲ့အစည်းမျိုးထဲမှာကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ကူးစက်နိုင်တယ်လို့ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။

Omicron ထပ်ဆင့်မျိုးကွဲ
Omicron ထပ်ဆင့်မျိုးကွဲ

Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ နှစ်ခုဟာ ကာကွယ်ရေးတွေရဲ့ အာနိသင်ကိုရော၊ အရင်က ရောဂါကူးစက်ခံရဖူးလို့ ရထားတဲ့ သဘာဝ ကိုယ်ခံအား စနစ်ကိုပါ ကျော်လွှားနိုင်စွမ်း ရှိနေကြောင်း ပညာရှင်တွေက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

ဟားဗက် ဆေးသုတေသန ဌာနရဲ့ ဘက်သ် အစ္စရေး ဒီကိုနက်စ် ဆေးပညာ စင်တာက သုတေသီတွေဟာ Omicronရဲ့ ထပ်ဆင့် မျိုးကွဲတွေဖြစ်တဲ့ BA.4နဲ့ BA.5တို့ရဲ့ အသေးစိတ် အချက်အလက်တွေကို လေ့လာပြီး အခု တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့တာပါ။ Omicronဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ကူးစက်နှုန်း အမြင့်ဆုံး မျိုးကွဲအဖြစ် သတ်မှတ် ခံထားရပါတယ်။ Omicronကမှတဆင့် BA.1၊ BA.2၊ BA.3၊ BA.4၊ BA.5 အစရှိတဲ့ မျိုးဗီဇပြောင်း ထပ်ဆင့် မျိုးကွဲတွေ ပေါ်ပေါက်လာတာပါ။

BA.4နဲ့ BA.5တို့ဟာ ကာကွယ်ဆေးတွေရဲ့ ကိုဗစ်ရောဂါ မဖြစ်အောင် တားဆီးနိုင်တဲ့ အာနိသင်ကို ရာနှုန်းပြည့် နီးပါးလောက် ကျော်လွှားနိုင်စွမ်း ရှိနေတယ်လို့ သုတေသီတွေက ပြောပါတယ်။ ပြီးတော့ အရင်က Omicron ကူးစက် ခံရဖူးပြီး သဘာဝ ကိုယ်ခံအား ရထားတဲ့ လူနာဟောင်းတွေတောင်မှာ BA.4နဲ့ BA.5 ကူးစက်မှုတွေကနေ ကင်းလွတ်နိုင်မယ်ဆိုတဲ့ အာမခံချက် မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးတွေဟာ ကိုဗစ်ကူးစက်ခံရပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်ခြေ၊ သေဆုံးနိုင်ခြေတွေကို လျှော့ချရာမှာတော့ ထိထိရောက်ရောက် အာနိသင် ရှိနေကြဆဲလို့ ပညာရှင်တွေက ယူဆနေပါတယ်။ တစ်ဖက်မှာလည်း လက်ရှိ ကာကွယ်ဆေးတွေကို မွမ်းမံ အဆင့်မြှင့်ဖို့အတွက် ဆေးဝါး ကုမ္ပဏီကြီးတွေက အားထည့် လုပ်ဆောင်လာကြပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာမှုတွေအရ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက လှုံ့ဆော်ပြီး ထုတ်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ် Antibodyဟာ မူရင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ယှဉ်လိုက်ရင် BA.4၊ BA.5တို့နဲ့ အတွေ့မှာ သိသိသာသာ အားလျော့သွားကြောင်း သိရပါတယ်။ ဒီမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေနဲ့ တွေ့တဲ့အခါ သမားရိုးကျ ကာကွယ်ဆေးတွေရဲ့ အာနိသင်က သုံးချိုးတစ်ချိုးအောက်ထိ လျော့ကျသွားတယ်လို့ သုတေသန စစ်တမ်းကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ ဒန်ဘားရော့ချ်က ပြောပါတယ်။

သုတေသန အချက်အလက်တွေက Omicron ဆင့်ပွား မျိုးကွဲသစ်တွေဟာ ကာကွယ်ဆေး ထိုးနှံနှုန်း အရမ်းမြင့်တဲ့ လူ့အဖွဲ့အစည်းမျိုး၊ BA.1နဲ့ BA.2 ကူးစက်မှုတွေကြောင့် ကိုယ်ခံအား ရရှိထားပြီးသား လူ့အဖွဲ့အစည်းမျိုးထဲမှာကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ကူးစက်နိုင်တယ်လို့ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။

နောက်ပြီး BA.4နဲ့ BA.5တို့ဟာ တွေ့ဖူးသမျှ ကိုရိုနာဗိုင်းရပ်စ်တွေထဲမှာ ကူးစက်နှုန်း အမြန်ဆုံး မျိုးကွဲတွေ ဖြစ်လာမယ်လို့လည်း ခန့်မှန်းရပါတယ်။ အဲဒီ ကိုရိုနာ ဗိုင်းရပ်စ် အသစ်တွေဟာ လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အများစုရဲ့ အဓိကလက်သည် ဗိုင်းရပ်စ် မျိုးကွဲတွေအဖြစ် နေရာယူလာလိမ့်မယ်လို့လည်း သုတေသီတွေက ယုံကြည်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။