သတင်း ဆောPDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးအလင်းဝင် ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေနတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်ပြောသည်။ LuduNwayOoနိုဝင်ဘာ 4, 2022
သတင်း PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ် အဲဒီကျောင်းဟာ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီး PDF နဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့စစ်ကောင်စီဘက်က ပြောထားပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း PDF ဆီဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီဆက်တိုက်ဖမ်းဆီး ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း ကလေးမြို့တွင် PDFများကို ကြောက်လန့်၍ စစ်ကောင်စီတပ်အရာရှိတစ်ဦးလျှင် အင်အား၈၀ခန့် အသုံးပြုသွားလာနေရ စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်းကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း PDF ကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ CDMဆရာဝန် ၁ဦး နဲ့ သူနာပြု ၄ ဦး ဖမ်းဆီးခံရ စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2022
သတင်း အောက်တိုဘာလအတွင်း စစ်ရေးပစ်မှတ် ၇ ခုကို မြစ်ငယ် PDF တိုက်ခိုက်ခဲ့ အဲဒီ တိုက်ခိုက်မှုတွေကို တော်လှန်ရေးမဟာမိတ်ညီနောင်တွေနဲ့ အတူ ပူးတွဲဆောင်ရွက်ခဲ့တာလို့ မြစ်ငယ် PDF ကဆိုပါတယ်။ LuduNwayOoနိုဝင်ဘာ 1, 2022
သတင်း ခင်ဦးတွင် PDF ရဲဘော်လေးဦး စစ်ဆင်ရေးပြင်ဆင်နေစဥ်တိုက်ခိုက်ခံရပြီး ကျဆုံး အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။ LuduNwayOoအောက်တိုဘာ 31, 2022
သတင်း တမူးမြို့တွင် PDFရဲဘော်အချို့ထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး "ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ"ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 30, 2022
သတင်း မြောင်နယ် ပရိမ္မတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ခတ်၍ PDF ရဲဘော်နှစ်ဦးနှင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ၊ စစ်အုပ်စုဘက်ကလည်း ထိခိုက်မှုရှိ ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။ LuduNwayOoအောက်တိုဘာ 28, 2022
သတင်း ရန်သူ၏ လေကြောင်းစီးနင်းတိုက်ခိုက်မှု အရေးတကြီးသတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး PDFများအား မှာကြား ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 27, 2022