Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် PDFရဲဘော်အချို့ထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

“ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

တမူး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - တမူး PDF
တမူး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - တမူး PDF

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်အချို့ထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

တမူးပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့သည် အောက်တိုဘာ ၂၈ရက် ညနေတွင် တမူး-ကလေး အာရှလမ်းမကြီးဘေး၊ စော်ဘွားရပ်ကွက်(၅)ရှိ ပို့/ဆက်ရုံးကို မီးရှို့တိုက်ခိုက်ခဲ့ကြသည်။

ထိုနေ့နံနက်က ပို့/ဆက်ရုံးအနီးရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ ခေတ္တခဏ ထိုင်ခဲ့ရာ ညနေဘက်တွင် အဆိုပါ လက်ဖက်ရည်ဆိုင်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပို့ဆက်ရုံးမီးရှို့တော့ စစ်ခွေးတွေက လက်နက် ကြီးနဲ့လှမ်းထုတယ်။ ကျွန်တော်တို့ ပြန်ဆုတ်လာတော့ သူတို့ရောက်လာတယ်။ အနီးနားက PDF တွေဝင်ထိုင်လေ့ရှိတဲ့ သံယောဇဥ် လ္ဘက်ရည်ဆိုင်ကို စစ်ခွေးတွေက မီးရှို့သွားတယ်။ဆိုင်ရှင်တွေထိတာတော့မကြားဘူး။ ဆိုင်ကတော့ပြာကျသွားတယ် “ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တမူးမြို့လတ်တလောအခြေအနေမှာ မြို့ပြင်နေရာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ် ထားပြီး မြို့တွင်းတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးများက ထိန်းချုပ်ထားသည်။မြို့တွင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စွဲရာနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မကြာခဏလာရောက်တိုက်ခိုက်နေသည်။

တမူးမြို့ အာရှလမ်းမကြီးဘေးနေရာ အချို့တွင် အောက်တိုဘာ ၂၈ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့( အောက်တိုဘာ ၃၀ရက်)တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ပွဲကြားညပ် သွားသည့် သံဃာတော်တစ်ပါး လက်မောင်း၌ ကျည်ဆန်မှန်သွားသည်ဟု သိရသည်။

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၇ရက် ညကလည်း တမူးမြို့ထဲအထိဝင်လာပြီး မြို့ပေါ်လမ်းမတွင်” ငါတို့မြို့ ငါတို့ပိုင်ရမည်”ဟူသော စာသားကို မှုတ်ဆေးဗူးဖြင့် ရေးသားခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကျဆုံးရဲ​ဘော်​တွေရဲ့မိသားစု​တွေကိုလည်းဂုဏ်ပြုချီးမြှင့်​ငွေ​​ပေးအပ်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။