Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် PDFရဲဘော်အချို့ထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

“ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

တမူး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - တမူး PDF
တမူး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - တမူး PDF

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်အချို့ထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

တမူးပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့သည် အောက်တိုဘာ ၂၈ရက် ညနေတွင် တမူး-ကလေး အာရှလမ်းမကြီးဘေး၊ စော်ဘွားရပ်ကွက်(၅)ရှိ ပို့/ဆက်ရုံးကို မီးရှို့တိုက်ခိုက်ခဲ့ကြသည်။

ထိုနေ့နံနက်က ပို့/ဆက်ရုံးအနီးရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ ခေတ္တခဏ ထိုင်ခဲ့ရာ ညနေဘက်တွင် အဆိုပါ လက်ဖက်ရည်ဆိုင်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပို့ဆက်ရုံးမီးရှို့တော့ စစ်ခွေးတွေက လက်နက် ကြီးနဲ့လှမ်းထုတယ်။ ကျွန်တော်တို့ ပြန်ဆုတ်လာတော့ သူတို့ရောက်လာတယ်။ အနီးနားက PDF တွေဝင်ထိုင်လေ့ရှိတဲ့ သံယောဇဥ် လ္ဘက်ရည်ဆိုင်ကို စစ်ခွေးတွေက မီးရှို့သွားတယ်။ဆိုင်ရှင်တွေထိတာတော့မကြားဘူး။ ဆိုင်ကတော့ပြာကျသွားတယ် “ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တမူးမြို့လတ်တလောအခြေအနေမှာ မြို့ပြင်နေရာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ် ထားပြီး မြို့တွင်းတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးများက ထိန်းချုပ်ထားသည်။မြို့တွင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စွဲရာနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မကြာခဏလာရောက်တိုက်ခိုက်နေသည်။

တမူးမြို့ အာရှလမ်းမကြီးဘေးနေရာ အချို့တွင် အောက်တိုဘာ ၂၈ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့( အောက်တိုဘာ ၃၀ရက်)တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ပွဲကြားညပ် သွားသည့် သံဃာတော်တစ်ပါး လက်မောင်း၌ ကျည်ဆန်မှန်သွားသည်ဟု သိရသည်။

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၇ရက် ညကလည်း တမူးမြို့ထဲအထိဝင်လာပြီး မြို့ပေါ်လမ်းမတွင်” ငါတို့မြို့ ငါတို့ပိုင်ရမည်”ဟူသော စာသားကို မှုတ်ဆေးဗူးဖြင့် ရေးသားခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook