Connect with us

Hi, what are you looking for?

သတင်း

ဆောPDF ထံ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးအလင်းဝင်

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-AFP)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-AFP)

ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး လက်နက်ချအလင်းဝင်လာခဲ့ပြီး လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အသေးစိတ်စိစစ်နေကြသည်။

“ကျွန်တော်တို့ဆီငါးယောက်အလင်းဝင်လာတယ်။သေနတ်နှစ်လက်ပါတယ်။သူတို့ကိုသူတို့ဆန္ဒအတိုင်းလွတ်မြောက်နယ်မြေအထိ ပို့ပေးသွားမှာပါ။လက်ရှိမှာတော့ ကျွန်​တော်တို့ အသေးစိတ်စိစစ်နေပါတယ်” ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

ဆောမြို့တွင်ယမန်နေ့ကစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ခဲ့သည်။စစ်ကောင်စီဘက်ကထိခိုက်​သေဆုံးမှု အခြေအနေကိုမသိရသေးကြောင်းနှင့် ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ​ဘေးကင်း​ကြောင်း အထက်ပါတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook