Connect with us

Hi, what are you looking for?

သတင်း

ရန်သူ၏ လေကြောင်းစီးနင်းတိုက်ခိုက်မှု အရေးတကြီးသတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး PDFများအား မှာကြား

ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

(ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်)
(ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်)

▪️ရန်သူ့လေကြောင်း ဟန့်တားနိုင်မည့်နည်းလမ်းသစ်ရှာရန်၊ နည်းဗျူဟာပိုင်းအပြောင်း အလဲလုပ်ရန်လိုဟု ပြော

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ရန်သူစစ် ကောင်စီ၏ လေကြောင်း စီးနင်းတိုက်ခိုက်မှုကို အရေးတကြီးသတိပြုရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

“မြေပြင်မှာ တော်လှန်ရေးအင်အားကို မယှဉ်နိုင် တော့ပဲ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီဟာ သူ့ရဲ့စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းကို ပိုပီး အားပြုလာတာတွေ့ရတယ်။ ရှေ့မှာလည်း အရပ်ဘက်၊ စစ်ဘက်မရွေး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီးကျုးလွန်လာဖို့ ရှိတဲ့အတွက် ရဲဘော်တို့အားလုံး သတိတမံ၊ ဥာဏ်မြေကတုတ် ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန် ရေး ဥာဏ်ပညာကို အမြင့်ဆုံးတပ်လှန့်ထားဖို့ လိုအပ်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လေကြောင်းဟာ အနှောက်အယှက်အဖျက်စွမ်းအားကြီးသည်မှာ မှန်သော်လည်း စစ်ရေးအဆုံးအဖြတ် ပြုနိုင်သည့် ယန္တရားမဟုတ်ကြောင်း နားလည်ထားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ငါတို့တော်လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ငါတို့ ဥာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်။ လေကြောင်းကာကွယ် ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။ နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်က ကချင်ပြည် နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူများအပါအဝင် လူအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်၌ စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာကိုသိလျက် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

“စစ်ရာဇဝတ်မှုကို ပြောင်ကျကျ ကျုးလွန်လိုက်တာပဲ ဖြစ်တယ်။ ဒီပြစ်မှုအတွက် စစ်ခေါင်းဆောင်တွေသာမက ကိုယ်တိုင်ဗုံးကျဲသတ်ဖြတ်ခဲ့တဲ့ လက်မရွံ့လူသတ်သမားတွေပါ တာဝန်ခံရမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

အနန့်ပါဖြစ်ရပ်သည် နွေဦးပြည်သူ့တော်လှန်ရေးသမိုင်း၌ ဝမ်းနည်းကြေကွဲဖွယ်ရာ မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း၊ အနန့်ပါကို သတိရတိုင်း တော်လှန်ရေး သန္နိဋ္ဌာန်ကိုပိုပြီး ခိုင်မာစေရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။