Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူ၏ လေကြောင်းစီးနင်းတိုက်ခိုက်မှု အရေးတကြီးသတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး PDFများအား မှာကြား

ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

(ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်)
(ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်)

▪️ရန်သူ့လေကြောင်း ဟန့်တားနိုင်မည့်နည်းလမ်းသစ်ရှာရန်၊ နည်းဗျူဟာပိုင်းအပြောင်း အလဲလုပ်ရန်လိုဟု ပြော

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ရန်သူစစ် ကောင်စီ၏ လေကြောင်း စီးနင်းတိုက်ခိုက်မှုကို အရေးတကြီးသတိပြုရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

“မြေပြင်မှာ တော်လှန်ရေးအင်အားကို မယှဉ်နိုင် တော့ပဲ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီဟာ သူ့ရဲ့စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းကို ပိုပီး အားပြုလာတာတွေ့ရတယ်။ ရှေ့မှာလည်း အရပ်ဘက်၊ စစ်ဘက်မရွေး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီးကျုးလွန်လာဖို့ ရှိတဲ့အတွက် ရဲဘော်တို့အားလုံး သတိတမံ၊ ဥာဏ်မြေကတုတ် ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန် ရေး ဥာဏ်ပညာကို အမြင့်ဆုံးတပ်လှန့်ထားဖို့ လိုအပ်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လေကြောင်းဟာ အနှောက်အယှက်အဖျက်စွမ်းအားကြီးသည်မှာ မှန်သော်လည်း စစ်ရေးအဆုံးအဖြတ် ပြုနိုင်သည့် ယန္တရားမဟုတ်ကြောင်း နားလည်ထားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ငါတို့တော်လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ငါတို့ ဥာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်။ လေကြောင်းကာကွယ် ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။ နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်က ကချင်ပြည် နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူများအပါအဝင် လူအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်၌ စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာကိုသိလျက် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

“စစ်ရာဇဝတ်မှုကို ပြောင်ကျကျ ကျုးလွန်လိုက်တာပဲ ဖြစ်တယ်။ ဒီပြစ်မှုအတွက် စစ်ခေါင်းဆောင်တွေသာမက ကိုယ်တိုင်ဗုံးကျဲသတ်ဖြတ်ခဲ့တဲ့ လက်မရွံ့လူသတ်သမားတွေပါ တာဝန်ခံရမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

အနန့်ပါဖြစ်ရပ်သည် နွေဦးပြည်သူ့တော်လှန်ရေးသမိုင်း၌ ဝမ်းနည်းကြေကွဲဖွယ်ရာ မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း၊ အနန့်ပါကို သတိရတိုင်း တော်လှန်ရေး သန္နိဋ္ဌာန်ကိုပိုပြီး ခိုင်မာစေရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။