Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ်

အဲဒီကျောင်းဟာ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီး PDF နဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့စစ်ကောင်စီဘက်က ပြောထားပါတယ်။

PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ်
PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ထဲက ခရစ်ယာန်မိဘမဲ့ကျောင်းကို မနေ့ကညနေပိုင်းမှာ စစ်ကောင်စီတပ်က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီကျောင်းဟာ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီး PDF နဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့စစ်ကောင်စီဘက်က ပြောထားပါတယ်။

ဒီလို ချိတ်ပိတ်ချိန်မှာ အဆောက်အဦးထဲက ကလေးတွေကို အပြင်မောင်းထုတ်ပြီး ချိတ်သွားတာလို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့ကညနေပိုင်းမှာလုပ်သွားတော့ ကသောင်ကနင်းနိုင်သွားတာပေါ့ ၊ အခုကလေးတွေကိုရပ်ကွက်ဓမ္မာရုံကိုပို့ထားရတယ်” လို့ မိဘမဲ့ကျောင်းတည်ရှိရာ ရပ်ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။