Connect with us

Hi, what are you looking for?

သတင်း

PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ်

အဲဒီကျောင်းဟာ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီး PDF နဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့စစ်ကောင်စီဘက်က ပြောထားပါတယ်။

PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ်
PDF နဲ့ပတ်သက်တယ်ဆိုပြီး မန္တလေးက မိဘမဲ့ကျောင်းကို ချိတ်ပိတ်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ထဲက ခရစ်ယာန်မိဘမဲ့ကျောင်းကို မနေ့ကညနေပိုင်းမှာ စစ်ကောင်စီတပ်က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီကျောင်းဟာ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီး PDF နဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့စစ်ကောင်စီဘက်က ပြောထားပါတယ်။

ဒီလို ချိတ်ပိတ်ချိန်မှာ အဆောက်အဦးထဲက ကလေးတွေကို အပြင်မောင်းထုတ်ပြီး ချိတ်သွားတာလို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

“မနေ့ကညနေပိုင်းမှာလုပ်သွားတော့ ကသောင်ကနင်းနိုင်သွားတာပေါ့ ၊ အခုကလေးတွေကိုရပ်ကွက်ဓမ္မာရုံကိုပို့ထားရတယ်” လို့ မိဘမဲ့ကျောင်းတည်ရှိရာ ရပ်ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။