Connect with us

Hi, what are you looking for?

သတင်း

PDF ကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ CDMဆရာဝန် ၁ဦး နဲ့ သူနာပြု ၄ ဦး ဖမ်းဆီးခံရ

စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းထုတ်ပြန်ချက် ဓာတ်ပုံ
စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းထုတ်ပြန်ချက် ဓာတ်ပုံ

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက် နဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဆရာဝန်ဒေါက်တာမင်းဇော်ဦးအပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၅ ဦးကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။

စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်း ပုလဲ − ဂန့်ဂေါ လမ်းမှာ ၆ ဘီးကား ကို စစ်အုပ်စုက ဖမ်းဆီးရာမှာ ကားပေါ်မှာ မေ့ဆေးစက် အပါအဝင် ဆေးဝါးတွေ မိတာနဲ့ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာလို့စစ်အုပ်စုက သတင်းထုတ်ထားပါတယ်။

ယာဉ်မောင်းအပြင် ကားဂိတ်က ဂိတ်မှူး ၊ဂိတ်စာရေးကိုပါ စစ်အုပ်စုက တပါတည်းဖမ်းဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းခံလိုက်ရတဲ့ CDM ဆရာဝန်နဲ့ သူနာပြုတွေဟာ စစ်ကိုင်းတိုင်း ၊ထီးလင်းက PDF တွေကို ထောက်ပံ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံးဆန့်ကျင်တဲ့ CDMကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ လုပ်နေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့