Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်အ​နောက်ပိုင်းစစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကိုPDFများပူး​ပေါင်းတိုက်ခိုက်

၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်​ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(Black God ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ။ဓါတ်ပုံ-Black God)
(Black God ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ။ဓါတ်ပုံ-Black God)

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အားဒေသတွင်းPDFအဖွဲ့များပူးပေါင်းကာလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Black Godပြောက်ကျားတပ်ဖွဲ့(မြိုင်)ကသတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ၅ရက်) မွန်းလွဲ ၁ နာရီအချိန်ခန့်က မြိုင်မြို့နယ်အနောက်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော ခန့်မှန်းအင်အား၈၀နှင့်၁၀၀ကြားရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြိုင်မြို့နယ်အနောက်ပိုင်း ဆူးဝင်းရွာအနီးတွင်ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များပူး
ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်​ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် မြိုင်နယ်အနောက်ပိုင်း၌ ပေါက်နယ်နှင့်မြိုင်နယ်အစပ်တွင်တစ်ကြောင်း၊မြိုင်နယ်အနောက်ပိုင်း ဆူးဝင်းရွာဘက်တွင်တစ်​ကြောင်း၊မြိုင်နယ်အနောက်ပိုင်း မကျီးကုန်း၊နှမ်းစားကျင်း၊ သံဘို စသည့် ကျေးရွာများဘက်တွင်တစ်ကြောင်း စသဖြင့် စစ်ကြောင်းများ ခွဲထိုးနေကြောင်း၊ စစ်ကြောင်းအားလုံးသည် ကမ္မနယ်ဘက်မှလာပြီး မြိုင်တောင်ပိုင်းမှ ပေါက်နယ်ဘက်၊ ပေါက်နယ်ဘက်မှ မြိုင်အနောက်ပိုင်းကို ပြန်ဝင်နေခြင်းဖြစ်ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကတော့ ကျွန်တော်တို့ မဟာမိတ်တွေဘက်က အထိအခိုက်မရှိပါဘူး။ ဒီနေ့ထပ်ဖြစ်နေတာမို့ အသေးစိတ်မသိရသေးတာကြောင့်ပါတိုက်ပွဲက အဲ့နားမှာပဲ အခု ထပ်ဖြစ်နေလို့ပါ။ပြီးမှ အခြေအနေ အသေးစိတ်ထပ်ပြောပါ့မယ်။”ဟု ကိုမိုးစက်က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ lackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးMVRFဂျိမ်းစဘွန်းပြောက်ကျားတပ်ဖွဲ့နှင့်အခြားသော ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

ဇူလိုင်လ၅ရက် နံနက် ၈နာရီခန့်ကလည်း မြိုင်မြို့နယ်၊မန်ကျည်းကုန်းရွာ အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ