Connect with us

Hi, what are you looking for?

သတင်း

ပျူများကအိန္ဒိယနိုင်ငံသားနှစ်ဦးကိုသတ်ဖြတ်မှုအ​ပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်​ကြောင်းတမူးPDFတပ်ရင်း(၂)ထုတ်ပြန်

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသ​ဘောထားထုတ်ပြန်သည်။

အသတ်ခံရသူ နှစ်ဦးရုပ်အ​လောင်းပြန်ရရန် မိုး​ရေးမြို့တွင် ယ​နေ့ဆန္ဒပြ​နေစဥ်
အသတ်ခံရသူ နှစ်ဦးရုပ်အ​လောင်းပြန်ရရန် မိုး​ရေးမြို့တွင် ယ​နေ့ဆန္ဒပြ​နေစဥ်

စစ်ကောင်စီလက်ပါးစေပျူစောထီးများက အိန္ဒိယနိုင်ငံသားနှစ်ဦးကို​သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အတွက် အိန္ဒိယပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး၊ ဥပဒေမဲ့ သတ်ဖြတ်မူ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ​ကြောင်းPDF(တမူး) တပ်ရင်း ၁ က ထုတ်ပြန်သည်။

ထို့အပြင် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်​သော တမူးနှင့်မိုးရေးမြို့နေပြည်သူများ၏ဆက်ဆံရေးကိုပျက်ပြားစေပြီး၊ မိုးရေးမြို့သို့ စစ်ဘေးရှောင်နေရသည့် မြန်မာနိုင်ငံသားများ၏ စားဝတ်နေရေးအခက်အခဲဖြစ်နေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်းဖြစ်သည်ဟုယူဆ​ကြောင်းလည်း​ဖော်ပြထားသည်။

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသ​ဘောထားထုတ်ပြန်သည်။

တမူးမြို့နယ်၊စော်ဘွားအင်းရပ်ကွက်၊အမှတ်(၄)ကျောင်းအနီးတွင် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သား တမီးလ်လူမျိုး နှစ်ဦးကို ပျူစောထီးများက ဇူလိုင် ၅ရက် ၊နေလယ် ၁ နာရီခန့်တွင် မြို့လယ်ခေါင်တွင် ဦးခေါင်းကိုပစ်သတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အသက် ၂၈နှစ်နှင့် ၃၅ နှစ်အရွယ် အိန္ဒိယ နိုင်ငံသား နှစ်ဦးက သာမန်အရပ်သားများဖြစ်ပြီး တမူးမြို့ရှိ မိတ်ဆွေများထံ လာရောက်လည်ပတ်စဉ် ပျူစောထီးများက မြို့လယ်ခေါင်တွင် ဦးခေါင်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“အခုတော့ မိုးရေးမှာ နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ထဲက အပြင်မထွက်ရဲကြဘူး၊ မြန်မာတွေလည်း အဲ့ဘက်ကို မသွားရဲကြဘူးဖြစ်နေတယ်”ဟု တမူးမြို့ခံတစ်ဦးကလည်းပြောသည်။

စစ်​ကောင်စီလက်​အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့သည့် ထိုအိန္ဒိယနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်း ပြန်လည်မပို့ပေးသောကြောင့် မိုးရေးမြို့တွင် အိန္ဒိယနိုင်ငံသားများက ယနေ့ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပြီးနောက် စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကိုလည်း ဆန္ဒပြသူများက မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။ ထိုပြင် ဆန္ဒပြသူများက မြန်မာဘက်ခြမ်းမှ ဈေးဆိုင်တခုကိုလည်း ကျောက်ခဲများပစ်ခတ်ခဲ့၍ ထိခိုက် ဒဏ်ရာရရှိမှုများလည်းရှိသည်ဟု ဒေသခံများကပြောသည်။

အလားတူ တမူးPDF တပ်ရင်း( ၁)ကလည်း ပျူများက အိန္ဒိယနိုင်ငံသားနှစ်ဦးကိုသတ်ဖြတ်မှုအတွက်အိန္ဒိယပြည်သူများနှင့်အတူ ဝမ်းနည်း​ကြောင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။