Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်တပ်အငြိမ်းစားအရာရှိလိုက်ပါလာ​သောယာဥ်များကိုမိုင်းဆွဲတိုက်ခိုက် ၃ဦး​သေနိုင်ဟုPDF ​ပြော

ခြေလျင်စစ်သား ၃ ဦး ပွိုင့်တည့်တည့်ပေါ်ရောက်သည့်အချိန်၌ မိုင်းလေးလုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦး နေရာတွင်ပင် သေဆုံးပြီး နောက်တစ်ဦးမှာလည်း သေဆုံးနိုင်သည်ဟု PDF-South က ဆိုသည်။

(မုံရွာ-မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တန်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တန်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်တပ်၏ အငြိမ်းစားအရာရှိတစ်ဦးလိုက်ပါလာသည့်စစ်ကောင်စီယာဥ်များအား ဒေသတွင်းအဖွဲ့နှစ်ဖွဲ့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သား၃ဦး သေဆုံးနိုင်ကြောင်း People’s Defence Force- South Monywaက သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် လမ်းကြောင်းရှင်းရန်လာသည်ဟုယူဆရသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း၊ ဂျမ်ပါကားတစ်စီးနှင့် စစ်ကောင်စီ၏ အငြိမ်းစားအရာရှိတို့ပါဝင်သည့် အိမ်စီးကားတို့ကို စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခြေလျင်စစ်သား ၃ ဦး ပွိုင့်တည့်တည့်ပေါ်ရောက်သည့်အချိန်၌ မိုင်းလေးလုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦး နေရာတွင်ပင် သေဆုံးပြီး နောက်တစ်ဦးမှာလည်း သေဆုံးနိုင်သည်ဟု PDF-South က ဆိုသည်။

အိမ်စီးကားမှာမူကားမှန်များကွဲ၍နောက်ခန်းမှ အငြိမ်းစားအရာရှိ ထိခိုက်နိုင်ပြီး မိနစ်အနည်းငယ်အကြာတွင် နောက်ကြောင်းပြန်လှည့်မောင်းသွားကြောင်း၊ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် လူနာတင်ယာဉ်တစ်စီး ရောက်လာကာ ထိခိုက်သေဆုံးသူများအား တင်ဆောင်သွားကြောင်း PDF-South Monyw a ကအသိပေးသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

People’s Defence Force- South Monywaနှင့် Black Hunter People’s Task Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywa တာဝန်ရှိသူက “သူတို့က မုံရွာဘက်ကလာတာပါ။ အကောင်ကြီးကြီးကတော့ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့သိရတယ်”ဟုပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် လက်နက်​ကောက်ယူရရှိခြင်းမရှိ​ကြောင်း၎င်းကဆက်​ပြောသည်။

ထိုလမ်းပေါ်တွင်ယမန်နေ့ (ဇူလိုင်လ ၄ရက်)ည၉နာရီ​ကျော်ကလည်း စစ်ကိုင်းတပ်မ၃၃မှ ထွက်လာသော စစ်ကားတစ်စီးအား မြင်းမူမြို့နယ်၊ နပဲကြူးဇရပ်နှင့်ကန်ဖျားဇရပ်ကြားတွင် ညီနောင်လေးဖွဲ့က မိုင်း၈လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၃ ဦးသေဆုံးနိုင်ကြောင်း Moe Nyo Revolution Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။