Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်တပ်အငြိမ်းစားအရာရှိလိုက်ပါလာ​သောယာဥ်များကိုမိုင်းဆွဲတိုက်ခိုက် ၃ဦး​သေနိုင်ဟုPDF ​ပြော

ခြေလျင်စစ်သား ၃ ဦး ပွိုင့်တည့်တည့်ပေါ်ရောက်သည့်အချိန်၌ မိုင်းလေးလုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦး နေရာတွင်ပင် သေဆုံးပြီး နောက်တစ်ဦးမှာလည်း သေဆုံးနိုင်သည်ဟု PDF-South က ဆိုသည်။

(မုံရွာ-မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တန်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တန်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်တပ်၏ အငြိမ်းစားအရာရှိတစ်ဦးလိုက်ပါလာသည့်စစ်ကောင်စီယာဥ်များအား ဒေသတွင်းအဖွဲ့နှစ်ဖွဲ့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သား၃ဦး သေဆုံးနိုင်ကြောင်း People’s Defence Force- South Monywaက သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် လမ်းကြောင်းရှင်းရန်လာသည်ဟုယူဆရသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း၊ ဂျမ်ပါကားတစ်စီးနှင့် စစ်ကောင်စီ၏ အငြိမ်းစားအရာရှိတို့ပါဝင်သည့် အိမ်စီးကားတို့ကို စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခြေလျင်စစ်သား ၃ ဦး ပွိုင့်တည့်တည့်ပေါ်ရောက်သည့်အချိန်၌ မိုင်းလေးလုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦး နေရာတွင်ပင် သေဆုံးပြီး နောက်တစ်ဦးမှာလည်း သေဆုံးနိုင်သည်ဟု PDF-South က ဆိုသည်။

အိမ်စီးကားမှာမူကားမှန်များကွဲ၍နောက်ခန်းမှ အငြိမ်းစားအရာရှိ ထိခိုက်နိုင်ပြီး မိနစ်အနည်းငယ်အကြာတွင် နောက်ကြောင်းပြန်လှည့်မောင်းသွားကြောင်း၊ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် လူနာတင်ယာဉ်တစ်စီး ရောက်လာကာ ထိခိုက်သေဆုံးသူများအား တင်ဆောင်သွားကြောင်း PDF-South Monyw a ကအသိပေးသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

People’s Defence Force- South Monywaနှင့် Black Hunter People’s Task Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywa တာဝန်ရှိသူက “သူတို့က မုံရွာဘက်ကလာတာပါ။ အကောင်ကြီးကြီးကတော့ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့သိရတယ်”ဟုပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် လက်နက်​ကောက်ယူရရှိခြင်းမရှိ​ကြောင်း၎င်းကဆက်​ပြောသည်။

ထိုလမ်းပေါ်တွင်ယမန်နေ့ (ဇူလိုင်လ ၄ရက်)ည၉နာရီ​ကျော်ကလည်း စစ်ကိုင်းတပ်မ၃၃မှ ထွက်လာသော စစ်ကားတစ်စီးအား မြင်းမူမြို့နယ်၊ နပဲကြူးဇရပ်နှင့်ကန်ဖျားဇရပ်ကြားတွင် ညီနောင်လေးဖွဲ့က မိုင်း၈လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၃ ဦးသေဆုံးနိုင်ကြောင်း Moe Nyo Revolution Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။