Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့တွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာနှစ်ဦး​သေ၊ အရာရှိအပါအဝင် ၆ဦးဒဏ်ရာရဟုက​လေးPDF​ပြော

“မိုင်းပေါက်ကွဲပြီး အထိနာသွားတော့ ထုံးစံအတိုင်း လူထုကို မဲတော့တာပဲ။ အရပ်သားတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(က​လေးPDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDFက​လေး)
(က​လေးPDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDFက​လေး)

ကလေးမြို့တွင် အင်အား ငါးဆယ်ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းအား က​လေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(က​လေးPDF)ကမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးထက်မနည်း ဒဏ်ရာအပြင်းထန်ရရှိ​ကြောင်းသတင်းထုတ်ပြန်သည်။

ကလေးမြို့တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်တွင် ယနေ့(ဇူလိုင် ၇ရက်) နေလည် ၁၂ နာရီခန့်တွင် ကလေးPDF ကမိုင်းတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းများ ကြိုတင်ထောင်ထားသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ရောက်ရှိလာစဥ် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့​ခြင်းဟု PDF က​လေးက ထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသည် နေရာတွင်သေဆုံးပြီး အရာရှိအဆင့် တစ် ဦးအပါအဝင် ခြောက်ဦးထက်မနည်း မိုင်းထိမှန်ကာ ဒဏ်ရာအပြင်းထန်ရရှိသွားသည်ဟုလည်းပါရှိသည်။

“မိုင်းပေါက်ကွဲပြီး အထိနာသွားတော့ ထုံးစံအတိုင်း လူထုကို မဲတော့တာပဲ။ အရပ်သားတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ​ဘေးပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ကို သေနတ်ထောက်၍ လူသားဒိုင်းအဖြစ် စေခိုင်းခဲ့သည်ဟုလည်း PDF Kalayက ထုတ်ပြန်ထားသည်။ ထို့အပြင် ရပ်ကွက်အတွင်းမှ အပြစ်မဲ့ပြည်သူ တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုရန် ပျူစောထီးများအား စစ်ကောင်စီက ငွေပေးကာ စည်းရုံးနေသည်ဟု ဒေသခံများကပြောသည်။ သို့သော်ယခု​နောက်ပိုင်းတွင်ပျူစောထီးများက ​​ကြောက်လန့်ကာ စစ်ကောင်စီစစ်ကြာင်းနှင့်လိုက်ရန် ငြင်းဆန်နေကြသည်ဟု ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။