Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး PDF စခန်းတစ်ခု စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခြင်းခံရ

ပြည်သူလူထုမှ ထောက်ပံ့ပေးထားသော လက်နက်ခဲယမ်းများကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ထောက်ပံ့ပေးထားသော ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ညှိုးငယ်စွာဖြင့် တောင်းပန်ကြောင်း နွားထိုးကြီး PDFက ပြောသည်။

Natogyi People Defence Force
Natogyi People Defence Force

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အခြေစိုက် Natogyi People Defence Forceအဖွဲ့၏ စခန်းတစ်ခု အကြမ်းဖက်စစ်ကောင်စီတပ်၏ ၀င်ရောက်စီးနင်းခြင်းခံခဲ့ရပြီး တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၃ရက်က ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့်ပါ ဆက်တိုက်ပစ်ခတ်နေသောကြောင့် စားဖိုမှူးအဖြစ် ကူညီပေးနေသည့် အမျိုးသားတစ်ဦး အဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီးPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Natogyi People Defence Force
Natogyi People Defence Force

ပြည်သူလူထုမှ ထောက်ပံ့ပေးထားသော လက်နက်ခဲယမ်းများကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ထောက်ပံ့ပေးထားသော ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ညှိုးငယ်စွာဖြင့် တောင်းပန်ကြောင်း နွားထိုးကြီး PDFက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် NPDF အဖွဲ့သားများအနေဖြင့် တော်လှန်ရေး ပြီးဆုံးသည်အထိ ဆက်လက်ရပ်တည်‌နို င်ရေး ကျရာတာ၀န်ထမ်းဆောင်ရင်း တက်စွမ်းသမျှ ထောက်ပံ့ပေးကြပါရန် နွားထိုးကြီးPDF အဖွဲ့က အကူအညီ တောင်းခံသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Natogyi People Defence Force အဖွဲ့တာဝန်ရှိသူက “သူတို့ဘက်က အသေတစ်ယောက်မိတယ်ဆိုပြီး ဝါဒဖြန့်နေတာ။ အဖမ်းခံရတဲ့သူက စခန်းကို ပတ်ဝိုင်းတဲ့အချိန်မှာ တခြားထွက်ပေါက်တစ်ခုကနေ ထွက်သွားလိုက်တော့ သူနဲ့တည့်တည့်တိုးသလို ဖြစ်သွားတာ။ ခုချိန်ထိလည်း စစ်ကြောရေးမှာပဲရှိသေးတယ်။ ဖမ်းခံရတဲ့သူကလည်း အဖွဲ့ထဲကရယ်မဟုတ်ဘူး။ ကျွန်တော်တို့စခန်းတည်တဲ့နားမှာလာတာ။ လာတာတစ်ပတ်လောက်ပဲရှိသေးတယ်။ ကျွန်တော်တို့က အကူအညီတောင်းလို့ ထမင်းချက်လေးဘာလေး လာကူလုပ်ပေးရင်း အဖမ်းခံရတာ။”ဟု ပြောသည်။

နွားထိုးကြီး PDF အဖွဲ့သည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်ခုခံတော်လှန်နေသည့် ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ