Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ် မင်းရွာတိုက်ပွဲတွင် PDFရဲဘော် ၁၁ဦးကျဆုံးပြီး စစ်ကောင်စီတပ် ၄၀ခန့်သေ

ဇူလိုင် ၃ ရက် နံနက် ၆ နာရီခန့်တွင် မင်းရွာ၌ ညအိပ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ နေအိမ်များအား ဒုတိယအကြိမ်ထံမံမီးရှို့ဖျက်ဆီးခဲ့ရာ Tiger King(တပ်ရင်း ၁၅)နှင့် မဟာမိတ် ၁၅ဖွဲ့မှ နံနက် ၈နာရီခွဲမှ နေ့လယ် ၁၂ နာရီခန့်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ် ပြန်သည်။

Tiger King ပြောက်ကျားတပ်ဖွဲ့
Tiger King ပြောက်ကျားတပ်ဖွဲ့

▪️ဒေသခံအချို့ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် ဒေသကာကွယ် ရေးတပ်ဖွဲ့များမှ PDF ရဲဘော် ၁၁ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀ခန့်သေဆုံးနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၅) Tiger King ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၅) အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ အင်အား ၁၅၀ဝန်းကျင်သည် ဝက်လက်မြို့နယ် ဝက်လည်ရွဲကျေးရွာဘက်သို့ ဇူလိုင် ၂ ရက်တွင် စစ်ကြောင်းထိုးလာရာ တပ်ရင်း(၁၅) တပ်ခွဲ (၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရေးအရာရှိအပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

ထို့နောက် အထိနာသွားသော စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် လက်နက်အင်အားမမျှ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ပေးခဲ့ရသည်ဟု ဆို သည်။

ယင်းစစ်ကြောင်းသည် ဝက်လည်ရွဲရွာမှတဆင့် လေးကုန်းလေးကျေးရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီးနောက် ည ၁၂နာရီခန့်တွင် မင်းရွာသို့ ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင် ၃ ရက် နံနက် ၆ နာရီခန့်တွင် မင်းရွာ၌ ညအိပ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ နေအိမ်များအား ဒုတိယအကြိမ်ထံမံမီးရှို့ဖျက်ဆီးခဲ့ရာ Tiger King(တပ်ရင်း ၁၅)နှင့် မဟာမိတ် ၁၅ဖွဲ့မှ နံနက် ၈နာရီခွဲမှ နေ့လယ် ၁၂ နာရီခန့်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ် ပြန်သည်။

“တပ်ရင်း (၁၅)နဲ့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေ မနက်အစောပိုင်းတိုက်ခိုက်မှုက ၁၀ နာရီလောက်မှာ တဖြတ်ပြန်ဆုတ်လာရတယ်။ လက်နက်နဲ့ ခမ်းယမ်းက ဘယ်လိုမှ မမျှဘူး။ အဲဒီပွဲမှာ ဒေသကာကွယ်ရေးတပ်က ရဲဘော်တွေကျဆုံးတာ ရှိခဲ့တယ်။ ပြီးတော့ မင်းရွာရွာခံငါးဦးအပါအဝင် ဒေသခံတချို့လည်း အသတ်ခံခဲ့ရတယ်”ဟု ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်သည့် GZ Special Task Force-Wetlet မှ ရဲဘော်ကိုရေခဲက ပြောသည်။

ကျဆုံး PDF ရဲဘော် ၁၁ဦးတွင် ပိတောက်ခြုံ(ပကဖ)၊ မကွေးတိုက်ခိုက်ရေးအဖွဲ့၊ ဂွေးပင်ကုန်းအဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွာသစ်ကုန်း LDFစသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှဖြစ်ပြီး မင်းရွာရွာခံငါးဦးအပါအဝင် ဒေ သခံအချို့လည်း သတ်ဖြတ်ခံရသောကြောင့် ပြည်သူဘက်မှ ကျဆုံးသူ ၂၀ဝန်းကျင်ရှိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ နှစ်ရက်ဆက်တိုက်ပွဲတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်များ၏ စနိုက်ဘာပစ်ခတ်မှုအပါအဝင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်စစ်မှ ၄၀ဦးခန့်သေဆုံးကြောင်း Tiger King(တပ်ရင်း ၁၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝက်လက်နယ်သို့ ဝင်ရောက်သောင်းကျန်းခဲ့သော စစ်ကောင်စီတပ်များသည် မင်းရွာတိုက်ပွဲအပြီးတွင် ဝက်လက်မှတဆင့် ရှိုန်းမကားဘက်ဆက်တက်သွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မင်းရွာတိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်များဖြစ်သော တပ်ရင်း ၁၅(Tiger Kingပျောက်ကျားတပ်ဖွဲ့)၊ တပ်ရင်း ၁၅ တပ်ခွဲ ( ၁ ၊ ၂ ၊ ၃)၊ လျှပ်စီး ပျောက်းကျားတပ်ဖွဲ့၊ တပ်ရင်း ၁၇၊ မတ္တရာမြောက် ပကဖ၊ တောကြီးမြွေပွေး၊ တပ်ရင်း ၁၈၊ တပ်ရင်း ၂၊ ဗိုလ်ကျားကြီး၊ GZ Special Task Force ၊ တပ်ရင်း ၅၊ ရွာသာကြီး တိုက်နယ် ဆရာစံ၊ ဂုဏ်မာန် ပကဖ၊ ပလိုရိုက် ပကဖ၊ Burmes Dragon Force နှင့် LPDFများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ