News ဂန့်ဂေါ-ထီးလင်းလမ်း၌ စစ်တပ်ယာဉ်တန်းကို YDF တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဟု ထုတ်ပြန် ယခုတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများတွင် တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့မှုနှင့် ပြည်သူ ငါးဦး အသတ်ခံရမှုအပေါ် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News ပဲခူးမြို့နေရာနှစ်ခုတွင် ဗုံးပေါက်၍ စစ်ကောင်စီလက်ပါး စေနှစ်ဦး ဒဏ်ရာပြင်းထန် ဖောက်ခွဲတိုက်ခိုက်မှုများကို ကျောက်တွင်းကုန်းလမ်းဆုံနှင့် ပဲခူး အ.ထ.က(၇)ရှေ့ စသည့်နှစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News ဆောနယ်သို့ လှုပ်ရှားလာသည့်စစ်ကြောင်းကို PDFနှင့် CDF တို့၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂၀ခန့်သေ ဆောမြို့နယ် ကျင်းလိန် ကျေးရွာနှင့် တောမကျေးရွာ အကြားတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို ကျောက်ထု PDF၊ ဆော PDF၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်နှင့် CDF (ကန်ပက်လက်)တို့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News ထီးလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေ၊ YDF/CDF ပူးပေါင်းအဖွဲ့မှ ၁၄ဦးကျဟု ထုတ်ပြန် အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်မှုနှင့် YDF/CDF ရဲဘော်များ ကျဆုံးရမှုအတွက် အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု YDFက ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News ဦးဇေယျာသော်ကို ဒဂုံဆိပ်ကမ်း ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန် မနေ့က ရတနာနှင်းဆီ အိမ်ရာ ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းမှုနဲ့အတူ ဦးဖြိုးဇေယျာသော် အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး တစ်ရက်အကြာမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာပါ။ LuduNwayOoနိုဝင်ဘာ 19, 2021
News ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ကဒေသခံများကိုဖမ်းပြီးလူသားဒိုင်းလုပ် "ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်းသဘောနဲ့လုပ်နေတယ်။ အဖမ်းခံရတာ နှစ်ဆယ်လောက်ရှိတယ်ပြောတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News စစ်ကောင်စီတပ် ကလေးတွင်အိမ်၁၀လုံးမီးရှို့ခဲ့မှုမှတ်တမ်းများသက်သေယူထားကြရန်တိုင်းအမတ်တိုက်တွန်း အလားတူ ကလေးမြို့အပြင် ဒေသချင်းထိစပ်နေသော ယောဒေသ(ဂန့်ဂေါ်မြို့နယ်)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ လတ်တလောတွင် ဒေသတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန် ယောနှင့် ကလေး ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုအား ယနေ့ထုတ်ပြန်သတိ့ပေးထားသည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News ဆောမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်ကရဟတ်ယာဥ်ပါအသုံးပြုတိုက်ခိုက် နိုဝင်ဘာ ၁၅ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီမှာ အင်အား ၃၀၀ ခန့်ဖြင့် ဆောမြို့နယ် အပါအဝင် ယော ဒေသအတွင်း တပ်စွဲပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 19, 2021
News မိုးကုတ်မှာ စစ်ကောင်စီတပ်တွေရဲ့ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦးသေဆုံး လူငယ်ဟာ ညာဘက်နံရိုးကို သေနတ်မှန်သွားတာဖြစ်ပြီး ဆေးရုံကိုရောက်ရှိချိန်မှာ သေဆုံးသွားတာလို့သိရပါတယ်။ LuduNwayOoနိုဝင်ဘာ 19, 2021
News ရန်ကုန်တွင် PDFများအဖမ်းခံရမှု စစ်ကောင်စီထုတ်ပြန် သလောက်မများဟုမြို့ပြပျောက်ကျားအဖွဲ့အချို့ပြော ဖမ်းမိခဲ့သူများသည် ဗားဂရာမီးပွိုင့်ရှိ စစ်ကောင်စီလုံခြုံရေးအဖွဲ့ဝင်ပစ်ခတ်မှု နှင့် ထန်းတပင် ပစ်ခတ်မှုများအပြင် သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား ပစ်ခတ်မှုများတွင် ပါဝင်သူများဟု စစ်ကောင်စီမီဒီယာများကဝါဒဖြန့်သည်။ LuduNwayOoနိုဝင်ဘာ 18, 2021