Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)တိုက်ခိုက်၍ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ BGFတပ်ဖွဲ့ဝင် ၁၀ဦးသေ

စစ်ကောင်စီလက်အောက်ခံ BGFများဝင်ရောက်ကျူး ကျော်ပြီး တပ်လှုပ်ရှားမှုများပြုလုပ်ပါက ကာကွယ်သည့် အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၅ဦး ထက်မနည်း ဒဏ်ရာရှရိခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

“ BGFက ကား ၂၅စီးတက်လာပြီးတော့ ဖလံတောင်ရွာမှာနေရာချတယ်။ နေရာချပြီး တပ်လှုပ်ရှားမှုတွေ ပြုလုပ်တယ်။ ပြုလုပ်တော့ ကျော်ခေကီးနဲ့ ဘောသပြုကြားမှာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့တယ်။ မနက်ပိုင်း ၁နာရီ ၅မိနစ်အချိန်ကျတော့ သူတို့ ကား ၄စီး ပြန်ဆင်းသွားတယ်။ ပြန်ဆင်းသွားတော့ ကျော်ကေခီးနဲ့ ဘောသပြုကြားမှာ တိုက်ခိုက်ခံရတာ။ ညနေပိုင်းကျတော့ သူတို့ တပ်တွေလှုပ် ရှားလာတော့ အဲဒီညနေပိုင်းမှာ အသံကြားတယ်”ဟု တပ်မဟာ(၁)တာဝန်ရှိသူ တစ်ဦးက ပြော သည်။

နိုဝင်ဘာ ၁၇ရက်က နံနက်က KNU သထုံခရိုင် ဘားအံမြို့နယ် ကျော်ကေခီးကျေးရွာအနီးတွင် BGF (၉၉၉) တပ်မှ တပ်နယ်မှူး စောလားသစ်ဦးဆောင်သည့် ယာဉ်တန်းကို KNU တပ်မဟာ(၁) တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်သဖြင့် Vigo အမျိုးအစား ကားနှစ်စင်းပျက်စီးပြီး BGFတပ်ဖွဲ့ဝင် ၇ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း ကျော်ကေ့ခီးကျေးရွာနှင့် ဖလံတောင်ကျေးရွာအကြားရှိ နို့ပနားပူ ကားလမ်းမပေါ်တွင် BGFယာဉ်တန်းကို ထပ်မံတိုက်ခိုက်ရာ BGF (၉၉၉)တပ်မ လက်အောက်ခံ ဒုတပ်ရင်းမှူးစောကျော်ဖောအပါအဝင် သုံးဦးသေဆုံးပြီး ကားတစ်စင်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၇ရက် ညနေပိုင်းတွင်လည်း ဘောသပြုကျေးရွာအဝင်၌ BGF ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သေဆုံးမှုများရှိသည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ BGFများဝင်ရောက်ကျူး ကျော်ပြီး တပ်လှုပ်ရှားမှုများပြုလုပ်ပါက ကာကွယ်သည့် အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ