Connect with us

Hi, what are you looking for?

News

ဆောနယ်သို့ လှုပ်ရှားလာသည့်စစ်ကြောင်းကို PDFနှင့် CDF တို့၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂၀ခန့်သေ

ဆောမြို့နယ် ကျင်းလိန် ကျေးရွာနှင့် တောမကျေးရွာ အကြားတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို ကျောက်ထု PDF၊ ဆော PDF၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်နှင့် CDF (ကန်ပက်လက်)တို့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လေကြောင်းပစ်ကူဖြင့်စစ်ကောင်စီတိုက်PDFတစ်ဦးကျဆုံး

မကွေးတိုင်း ဆောမြို့နယ်တွင် ယနေ့(နိုဝင်ဘာ၁၉ရက်) နံနက်ကစ၍ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းကို ယင်းဒေသတစ်၀ိုက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၀ိုက်ပတ်ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးပြီး ၃၀ခန့် ဒဏ်ရာရရှိကြောင်း ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောမြို့နယ် ကျင်းလိန် ကျေးရွာနှင့် တောမကျေးရွာ အကြားတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို ကျောက်ထု PDF၊ ဆော PDF၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်နှင့် CDF (ကန်ပက်လက်)တို့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲကတော့ မနက် ၆နာရီလောက်က စဖြစ်တာပေါ့။ အခုနေ့လည် ၁နာရီလောက်ဆို ပြီးသွားတယ်။ သူတို့က စစ်ကြောင်း နှစ်ကြောင်းထိုးလာတာကို ဒီဘက်က ကျောက်ထု PDF ဆော PDF၊ YDFတွေ ကန်ပက်လက် CDF၊မင်းတပ် CDFတွေ အားလုံးပူးပေါင်းပြီးမှ ၀ိုင်းထားတာ သူတို့က ထွက်လမ်းမရှိတော့ဘူး။ ထွက်လမ်းမရှိတော့ သူတို့ကို တစ်ခါတည်း အပြတ်ရှင်းဖို့ မနေ့ကနေ ၀ိုင်းထားတာ။ ဒီနေ့မနက် ပစ်ကြတဲ့အချိန်မှာ ဒီဘက်က တစ်ယောက်မှ အထိအခိုက်မရှိဘူး။ ဟိုဘက်(စစ်ကောင်စီဘက်)ကတော့ မနက်က ၂၀လောက်သေနေပြီ ၃၀ လောက်ဒဏ်ရာရတယ်ကြားတယ်။ အဲဒီအခါ လေကြောင်း ကူတော့တာပေါ့” ဟု ၎င်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီသည် Mi35 လေယာဥ်နှစ်စီးဖြင့် လေကြောင်း ပစ်ကူယူပီး ဒုံးကျည်ဖြင့် အနည်းဆုံး ၈ ချက်ခန့် ပစ်ခတ်ခဲ့​ပြီးဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ကူ​ပေးလာ၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လမ်းဖွင့်ပေးလိုက်ရကြောင်း ဆော PDF တာဝန်ရှိသူက ပြောသည်။​လေ​ကြောင်းဖြင့်
တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ လက်နက်ကြီးမှန်၍ ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့သည်။

“အခု ညနေပိုင်းအခြေအနေအရ နည်းနည်းငြိမ်သွားပြီလို့ သိရတယ်။ဒါပေမယ့် အချိန်မရွေးထဖြစ်နိုင်သေးတယ်။ပြီးတော့ တိုက်ပွဲ အနီးပတ်ဝန်း ကျင်က ဒေသခံတွေလည်း စစ်တပ်ရဲ့ လူသားဒိုင်းအဖြစ်အသုံးချမခံရရေးကို ကြိုပြင်ဆင်ထားဖို့လိုတယ် “ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

နိုဝင်ဘာ ၁၅ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီမှာ အင်အား ၃၀၀ ခန့်ဖြင့် ဆောမြို့နယ် အပါအဝင် ယော ဒေသအတွင်း စတင်တပ်စွဲခဲ့ပြီးနောက် နိုဝင်ဘာ ၁၇ ရက်ကစ၍စစ်ကြောင်းထိုးခဲ့သည်။ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)က တိုက်ပွဲတွင် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ကျဆုံးထားသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကယ​နေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကို MI-35 ​လေယာဥ်နှစ်စီးအသုံးပြုတိုက်ခိုက်ခဲ့သည်။)

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။