Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းနှင့်ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှအနည်းဆုံး ၄၀သေဟု ထုတ်ပြန်

နေ့လည် ၁နာရီအချိန်ခန့်မှစပြီး ကန်ပက်လက်မြို့တွင်းတွင်လည်း CDF(Kanpetlet)အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ အဆိုပါ မြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၄၀ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကန်ပက်လက် CDFက သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၁၉ ရက်)နံနက် ၈နာရီမှစ၍ ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်ရွာနှင့်တောမရွာအကြားတွင်CDF (Kanpetlet)၊CDF(Mindat)၊YDFနှင့် PDF.Saw ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီသည် မွန်းလွှဲ၁၂ နာရီခန့်တွင် လေကြောင်းမှ ရဟတ်ယာဥ် နှစ်စီးအသုံးပြုပြီး တစ်နာရီကြာခန့် တစ်လှည့်စီ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF ရဲဘော်များနှင့်YDFရဲဘော်များသည်တစ်စုံတစ်ရာထိလိုက်မှုမရှိသော်လည်း PDF.Sawအဖွဲ့မှ တစ်ဦးဒဏ်ရာပြင်းထန်ပြီး တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

နေ့လည် ၁နာရီအချိန်ခန့်မှစပြီး ကန်ပက်လက်မြို့တွင်းတွင်လည်း CDF(Kanpetlet)အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ အဆိုပါ မြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ကန်ပက်လက် CDF ရဲဘော်တစ်ဦးမှ ဆိုင်ကယ်ဖြင့်အရှိန်ပြင်းစွာဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထား သည်။

ထို့အပြင် ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီ စစ် ကြောင်းကို နိုဝင်ဘာ ၁၈ရက်ကတည်းက ချင်းနှင့်ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ၀ိုင်းပတ်ပိတ်ဆို့ပြီး​နောက် ယနေ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် တုံ့ပြန်လာ၍ ပိတ်ဆို့ထားသည့် စစ်ကြောင်းကို လမ်းကြောင်း ပြန်ဖွင့်ပေးခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။