Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ-ထီးလင်းလမ်း၌ စစ်တပ်ယာဉ်တန်းကို YDF တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဟု ထုတ်ပြန်

ယခုတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများတွင် တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့မှုနှင့် ပြည်သူ ငါးဦး အသတ်ခံရမှုအပေါ် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

People's Spring
People's Spring

မကွေးတိုင်း ဂန့်ဂေါနှင့် ထီးလင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်း၊ လက်ပစ်ဗစ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့(YDF)က ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၁၉ရက်)နံနက်ပိုင်းက ဂန့်ဂေါ-ထီးလင်း လမ်း မောလယ်ကွေ့တွင် အင်အား ၂၀၀ခန့်ပါသည့် စစ်ကား ၅စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် YDF ဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဖော်ပြသည်။

ယခုတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများတွင် တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့မှုနှင့် ပြည်သူ ငါးဦး အသတ်ခံရမှုအပေါ် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတိုက်ပွဲတွင် YDF ထီးလင်းမှ ရဲဘော် ၁၃ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်မှ ရဲဘော် တစ်ဦး စုစုပေါင်း ၁၄ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ၁၀ဦးခန့်ကျဆုံးခဲ့ကြောင်း YDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။