Connect with us

Hi, what are you looking for?

LuduNwayOo

News

Mytel ကုမ္ပဏီအကြီးအကဲ အသတ်ခံရမှုမှာ ၄ ဦးကိုဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

Mytel ကုမ္ပဏီရဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးသိန်းအောင်နဲ့ဇနီးဟာ နိုဝင်ဘာလ ၄ ရက်မနက်ပိုင်းက မရမ်းကုန်း ၊တေးနုယဉ်လမ်း မှာရှိတဲ့နေအိမ်ကနေ လမ်းလျှောက်ထွက်ချိန်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် သေနတ်နဲ့ပစ်သတ်ခံရမှုမှာ ပါဝင်သူ ၄ ဦးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Mytel ကုမ္ပဏီရဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးသိန်းအောင်နဲ့ဇနီးဟာ နိုဝင်ဘာလ ၄ ရက်မနက်ပိုင်းက မရမ်းကုန်း ၊တေးနုယဉ်လမ်း မှာရှိတဲ့နေအိမ်ကနေ လမ်းလျှောက်ထွက်ချိန်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။

ဒီပစ်ခတ်မှုမှာ ဦးသိန်းအောင် ဟာ သေဆုံးသွားပြီးအမျိုးသမီးကတော့ ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးဖို့ ၂ ဦးကျန်သေးတယ်လို့လည်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီက စွပ်စွဲဖမ်းခံရသူတွေကတော့ အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသား ၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၊ အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသား နဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်အမျိုးသမီး တွေဖြစ်တာကိုတွေ့ရပါတယ်။

သူတို့ ၄ ဦးကို မင်္ဂလာဒုံ ၊ လှိုင် ၊ တိုက်ကြီး တို့မှာ ဖမ်းမိတယ်လို့စစ်ကောင်စီကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။