Connect with us

Hi, what are you looking for?

News

ထီးလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေ၊ YDF/CDF ပူးပေါင်းအဖွဲ့မှ ၁၄ဦးကျဟု ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်မှုနှင့် YDF/CDF ရဲဘော်များ ကျဆုံးရမှုအတွက် အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု YDFက ထုတ်ပြန်ထားသည်။

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)မှ တပ်သားများကို ​တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး ယောနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၁၄ဦး ကျဆုံးခဲ့ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၇ရက်က ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် YDF(ထီးလင်း)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF )မင်းတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ YDF ထီးလင်းမှ ရဲဘော် ၁၃ဦး၊ CDF မင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုဆိုသည်။ ထို့ပြင် YDF ထီးလင်းမှ နှစ်ဦး CDF မင်းတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနေ့တွင် စစ်ဘေးရှောင် အရပ်သား သုံးဦးကိုလည်း စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၆ရက်တွင်လည်း ထီးလင်းမြို့နယ်၌ စစ်ဘေးရှောင် ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်မှုနှင့် YDF/CDF ရဲဘော်များ ကျဆုံးရမှုအတွက် အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု YDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။