Connect with us

Hi, what are you looking for?

News

ပဲခူးမြို့နေရာနှစ်ခုတွင် ဗုံးပေါက်၍ စစ်ကောင်စီလက်ပါး စေနှစ်ဦး ဒဏ်ရာပြင်းထန်

ဖောက်ခွဲတိုက်ခိုက်မှုများကို ကျောက်တွင်းကုန်းလမ်းဆုံနှင့် ပဲခူး အ.ထ.က(၇)ရှေ့ စသည့်နှစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည် အ.ထ.က(၇)ကျောင်းအားနွေဦးတော်လှန်ရေးကာလအစောပိုင်းက တွေ့ရစဉ်)

ပဲခူးမြို့တွင် ယနေ့(နိုဝင်ဘာ ၁၉)နံနက်ပိုင်းက နေရာနှစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း Bago City Ranger Force ပါဝင်သည့် ညီနောင်မဟာမိတ် (၅)ဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

ဖောက်ခွဲတိုက်ခိုက်မှုများကို ကျောက်တွင်းကုန်းလမ်းဆုံနှင့် ပဲခူး အ.ထ.က(၇)ရှေ့ စသည့်နှစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အိမ်မှာနေနေရင်း ကြားလိုက်ရတာ။ အသံကတော့ အ ကျယ်ကြီးပဲ။ အပြင်မထွက်ဖြစ်တော့ ဘယ်နားမှာပေါက်ပြီး ဘယ်လောက်ထိခိုက်မှုရှိတယ် သေချာမသိလိုက်ဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ကျောက်တွင်းကုန်းလမ်းဆုံးအနီးပေါက်ကွဲမှုတွင် စစ်ကောင်စီလက်ဝေခံ အရပ်ဝတ်ဖြင့် ရဲတစ်ဦး အပြင်း အထန် ထိခိုက်ဒဏ်ရာရပြီး အ.ထ.က(၇)ရှေ့ ပေါက်ကွဲမှု၌မူ စစ်ကောင်စီ၏လက်ပါးစေတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ညီနောင်မဟာမိတ်(၅)ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ပဲခူးဒေသအတွင်း စစ်ကောင်စီဒေါက်တိုင်များကို ပစ်ခိုက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသော ညီနောင်မဟာမိတ်(၅)ဖွဲ့ကို အောက်တိုဘာလအတွင်းက စတင်စုစည်းခဲ့ပြီး ထိုအဖွဲ့တွင် Bago City Ranger Force(BCRF) Hantharwaddy Ghost Warriors အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ပဲခူး ပဲခူးကရင် ပြောက်ကျားတပ်ဖွဲ့နှင့် Bago Special Attacking Force စသည်တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။