သတင်း ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သည် သြဂုတ် ၁၀ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ထန်းတစ်ပင်ကျေးရွာ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 14, 2023
သတင်း ဖာပွန်မြို့ တရားရုံးအပါအဝင်ရုံးဌာနလေးခု တိုက်ခိုက်ခံရ ဖာပွန်မြို့နယ် တရားရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်အခွန်ရုံးတို့ကိုဩဂုတ် ၁၁ရက် ညတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဖာပွန်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 14, 2023
သတင်း သပိတ်ကျင်းတွင် စစ်ကောင်စီတပ်ယာဥ်နှစ်စီး တိုက်ခိုက်ခံရပြီး လေးဦးထက်မနည်းသေဟုဆို သြဂုတ် ၅ ရက်ကလည်း သပိတ်ကျင်းနယ် မတောင်ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရွှေစကာရွာအနီး၌ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoဩဂုတ် 13, 2023
သတင်း ယင်းမာပင်တွင် မီးဘေးသင့်ပြည်သူများ လှူဒါန်းမည့်သစ်များခိုးယူသည့် စစ်တပ်အား တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ သြဂုတ် ၆ ရက် နံနက် ၇နာရီခန့်က ယင်းမာပင်မြို့နယ်တွင် အင်အား ၁၀၀ပါ စစ်ကြောင်းသည် စည်သူရွာနှင့်သံဘိုကျေးရွာကြားအရောက်တွင် ULF မဟာမိတ်တပ်ပေါင်းစုနှင့် ထိတွေ့မှုစတင်ဖြစ်ပွားခဲ့သည်။ LuduNwayOoဩဂုတ် 13, 2023
သတင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်အား KIA၊PDF ပူးပေါင်းတပ် တိုက်ခိုက် အင်းတော်မြို့ဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာမြို့နယ် ပင်းမလွတ်ကျေးရွာအနီး လမ်းဆုံတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 13, 2023
သတင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ခိုက်၍ တိုက်ပွဲဆက်ဖြစ် လားရှိုး၊ မူဆယ်၊ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ အချို့တိုက်ပွဲမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာ၍ ဖြစ်ပြီး အချို့တိုက်ပွဲမှာTNLAက သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 13, 2023
သတင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့်ပျူ သေဟုဆို ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ဗိုလ်ဝေမင်းသူနှင့် ပျူခေါင်းဆောင် ချစ်စမ်းမောင်၏ညာလက်ရုံး ပျူစောထီးစုကမ်းဆိုသူတို့၏ အလောင်းများကို သြဂုတ် ၉ရက်တွင် ကျောက်နီမော်သချိုင်း၌ သဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရသည်ဟု LLPDF က ပြောသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ရွာငံတွင် ချိတ်ပိတ်ခံထားရသည့်နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက် တိုက်ခိုက်မှုသတင်းကို ယနေ့မှ ထုတ်ပြန်ရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Voice Of Pindaya က ဆိုသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း ရေစကြိုနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက် သြဂုတ်လဆန်းတွင် မြိုင်မြို့နှင့်ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ ပျူရွာများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆက်တိုက် တိုက်ခိုက်နေသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ မျက်မြင်ပြည်သူများ၏အဆိုအရ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများအနက် လေးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးအထက်ရှိနိုင်သည်ဟု နွားထိုးကြီး PDFက ခန့်မှန်းသည်။ သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ LuduNwayOoဩဂုတ် 10, 2023