Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် သြဂုတ် ၁၀ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ထန်းတစ်ပင်ကျေးရွာ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်း​ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ
ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်အား သြဂုတ် ၉ ရက်မှ ၁၁ရက်အထိ သုံးရက်ဆက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ငါန်းဇွန်ပကဖက ဆိုသည်။

ယမန်နေ့ (သြဂုတ်၁၃ရက်)နံနက် ၁၁နာရီခန့်ကလည်း ငါန်းဇွန်မြို့နယ်၊ ကံသာရွာရှိ စစ်ကောင်စီတပ်စွဲသည့်နေရာကို ဒရုန်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ငါန်းဇွန်(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် စစ်​​ကောင်စီတပ်သားအချို့ ထွက်ပြေးမှုများရှိနေသည်ဟု သတင်းကြားသိရကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“အင်အားက ၃၀ နဲ့ ၅၀ ကြားထဲပါ။ ရေလယ်သောင်၊ လက်ပံသာဘက်ကတစ်ကြောင်း၊ ကံသာဘက်မှာတစ်ကြောင်း နှစ်ကြောင်းထိုးတာပါ။ တပ်ပြေးသတင်းက အကြားပဲ။ အတည်မပြုနိုင်သေးဘူး။”ဟု ငါန်းဇွန်(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ငါန်းဇွန် ပကဖ)၊Black Eagle Force၊ Black Eagle Drone Force မြင်းခြံခရိုင်တပ်ရင်း(၇)တပ်ခွဲ -၁ ငါန်းဇွန် မီးနဂါးဒေါင်းဖိုက်တာအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၀ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ထန်းတစ်ပင်ကျေးရွာ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်း​ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ထန်းတစ်ပင်ရွာက ဦးသန်းမော်နဲ့ဒေါ်မိလှအိမ်ကို မီးရှို့ပြီး တခြားနေအိမ်တွေကိုလည်း အိမ်တွင်း ပစ္စည်းတွေကိုယူပြီး တချို့ပစ္စည်းတွေကို ရိုက်ခွဲ ဖျက်ဆီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။