Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့်ပျူ သေဟုဆို

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ဗိုလ်ဝေမင်းသူနှင့် ပျူခေါင်းဆောင် ချစ်စမ်းမောင်၏ညာလက်ရုံး ပျူစောထီးစုကမ်းဆိုသူတို့၏ အလောင်းများကို သြဂုတ် ၉ရက်တွင် ကျောက်နီမော်သချိုင်း၌ သဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရသည်ဟု LLPDF က ပြောသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့်ပျူ သေဟုဆို
လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့်ပျူ သေဟုဆို

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ စစ် ဗိုလ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှစ်လေးလုံး(၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ (သြဂုတ် ၈)နေ့လယ် ၃ နာရီခန့်က လောင်းလုံးနယ် ကျောက်နီမော်ရွာမှတဆင့် ကျောက်ဝပ်ပြင်ကျေးရွာဘက်သို့ စစ်ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့်ထွက်လာသော အင်အား ၁၀ ဦးခန့်ပါ စစ်ကောင်စီတပ်ကို LLPDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ခမရ (၄၁၀)မှ ဗိုလ်ဝေမင်းသူနှင့် ပျူစောထီးအဖွဲ့ဝင် စုကမ်းဆိုသူနှစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း LLPDF က အသိပေးသည်။

မိနစ် ၂၀ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်မှ အင်အား ၁၅ဦးခန့်ပါ စစ်ကားအကြီးနှစ်စီး စစ်ကူရောက်ရှိလာသဖြင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“(သိမ်းဆည်းရမိပစ္စည်း)မရှ်ိခဲ့ဘူးဗျ။ စစ်ကူ ချက်ချင်းရောက်လာလို့ ဆုတ်လိုက်ရတယ်။ ဖြစ်စဉ်နေရာနဲ့ ကျောက်နီမော် ပျူစခန်းနဲ့ ရဲစခန်းနဲ့က နီးနီးလေးမို့”ဟု ၎င်းက ဆက်ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ဗိုလ်ဝေမင်းသူနှင့် ပျူခေါင်းဆောင် ချစ်စမ်းမောင်၏ညာလက်ရုံး ပျူစောထီးစုကမ်းဆိုသူတို့၏ အလောင်းများကို သြဂုတ် ၉ရက်တွင် ကျောက်နီမော်သချိုင်း၌ သဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရသည်ဟု LLPDF က ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ထားဝယ်မြို့မှအင်အား ၅၀ခန့်အား ရေကြောင့်မှတဆင့် စက်လှေတစ်စင်းဖြင့် ကျောက်နီမော်သို့ အင်အားတိုးချထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။